Skip to main content

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြောင်း သိကောင်းစရာများ Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြောင်း သိကောင်းစရာများ Talk Show ဆောင်ရွက် ဒက္ခိဏ ဇွန် ၅ ခရိုင် (ပြန်/ဆက်)

သက်ရောက်မှုကောင်းများနှင့်အတူ စဉ်ဆက်မပြတ် တိုက်ဖျက်ရမည့် မူးယစ်ဆေးဝါး

ကျွန်မတို့ရဲ့ဝန်းကျင်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ နာကြည်းစရာတွေကြားရ၊ တွေ့ရအများအပြားရှိနေခဲ့တာကြာပါပြီ။ တစ်ခါက မိတ်ဆွေတစ်ယောက်ရဲ့ အသိတစ်ယောက် စိတ်ကြွရူးသွပ်ဆေးကြောင့် အဖမ်းခံလိုက်ရတဲ့သတင်း၊ ကျောင်းနေဖက် ငယ်သူငယ်ချင်းတစ်ယောက် ဆေးစွဲပြီး ကျန်းမာရေးထိခိုက်သွားရတဲ့ သတင်းတွေ ကြားသိခဲ့ရပါတယ်။

ချစ်ကြည်ရေးသစ်ပင် အစဉ်အမြဲစိမ်းလန်းဝေဖြာ ပြည်သူများ စိတ်နှလုံးချင်း ဆက်နွှယ်မှုပေါင်းကူးတံတား ထာဝရတည်တံ့ခိုင်မြဲ

ဇွန်လ ၈ ရက်နေ့တွင် တရုတ် - မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း    (၇၆) နှစ် ပြည့်မြောက်ပြီဖြစ်သည်။ (၇၆)နှစ်တာကာလအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံသည် အပြန်အလှန် လေးစားခြင်း၊ တန်းတူရည်တူဆက်ဆံခြင်းနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်းတို့ကို အစဉ်အမြဲ ဦးလည်မသုန်ရပ်တည်ခဲ့ကြပြီး နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်းရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည်လည်း အချိန်ကာလ၏ စမ်းသပ်မှုများကြားတွင် ပိုမိုနက်ရှိုင်း ခိုင်မာလာခဲ့ပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ကို အတူတကွအဆိုပြုကျင့်သုံးခဲ့ရာမှသည် တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်သည်အထိ နှစ်နိုင်ငံဆက်ဆံရေးသည် သစ်လွင်သော ရှင်သန်မှုတွန်းအားများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။
Subscribe to