Skip to main content

Jan 05, 2024

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2024

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2024

ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပဋိပက္ခများစွာတို့နှင့် ကြုံတွေ့ခဲ့ရသည်။ အခက်အခဲပဋိပက္ခများကြောင့် နိုင်ငံယိုယွင်းပျက်စီးလုနီးနီး ဖြစ်ခဲ့သည့်နိုင်ငံများရှိသည်။ ခေတ်ဆိုးကာလကြီးတွင် ပြည်သူများ ထိခိုက်ပျက်စီးခဲ့ကြရပြီး နာလန်မထူနိုင်အောင် ဖြစ်ခဲ့ကြရသည်။ သို့သော်လူဟူသည် အသိဉာဏ်စွမ်းပကားမြင့်မားသူများဖြစ်ကြသဖြင့် သုညအခြေအနေမှ ပြန်လည်မြင့်တက်နိုင်အောင် ကြိုးစားနိုင်ကြသည်။ ထိုနိုင်ငံများကို ယနေ့မြင်တွေ့နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 05, 2024

​​​​​​​သမိုင်းပေးတာဝန်ဟူသည် မိမိတို့ရှင်သန်ဖြတ်သန်းနေကြသည့် ခေတ်ကာလ နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်တည်တံ့ရေး၊ တိုးတက်ကြီးပွားရေးတို့အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ထမ်းရွက်အပ်သော ဝတ္တရားဟူ၍ ယေဘုယျအားဖြင့် ဖွင့်ဆိုနိုင်သည်။ သမိုင်းပေးတာဝန်၏ အနက်အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် ဖွင့်ဆိုနိုင်မှသာ နိုင်ငံနှင့်လူမျိုး အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်ပြီး ဖွင့်ဆိုမှုမှားယွင်းမည်ဆိုပါက လုပ်ရပ်အမှားများ ကျူးလွန်မိကာ သမိုင်းတွင် တရားခံဘဝကျရောက်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ယနေ့သည် မြန်မာတစ်မျိုးသားလုံး ဝမ်းသာပျော်ရွှင်မဆုံးဖြစ်ရသော (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်သည်နှင့်အညီ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားများ၊ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများအား မြန်မာနိုင်ငံအနှံ့အပြားရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်းတစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယနေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားပြီး နိုင်ငံတော်၏မေတ္တာနှင့် စေတနာကိုနားလည်စေရန်ရှေးရှု၍ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၁၄ ဦး၊ စုစုပေါင်း ၉၇၆၆ ဦးတို့အား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၃ / ၂၀၂၄ ၁၃၈၅ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် )

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၂ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် )

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁ / ၂၀၂၄ ၁၃၈၅ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၈ ရက် (၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တောင်ကလေးကျေးရွာ ဒေသခံလူငယ်နှစ်ဦးက ဇန်နဝါရီ ၂ ရက်နေ့ နံနက်ပိုင်းတွင် တောင်ကလေးကျေးရွာထဲ ဝင်ရောက်လာသည့် တပ်ယာဉ်တန်းအား ဆိုင်ကယ်ဖြင့် ကျော်တက်ခဲ့သည့်အတွက် ကျိုက်မရောရဲစခန်းသို့ ဖမ်းဆီးသွားခဲ့ပြီး ငွေကျပ်သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်းခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်မှလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂ ရက်နေ့တွင် တောပုရွာဘုန်းကြီးကျောင်းတွင် အထိုင်ချပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းနှင့် ကျေးရွာနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု သတင်းတု၊ သတင်းမှားများကို ပြည်ဖျက်မီဒီယာ DVB မှ မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ (၁၁၄)ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ – နောက်တစ်ကြိမ် ပစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်။ အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက် ( ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက် ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ(၉၆၅၂)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်။ အမိန့်အရ အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် ဖွင့်လှစ်ပေးခဲ့သည့် အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2024

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ဆက်လက်ဖတ်ရှုရန်