Jun 15, 2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
Jun 15, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jun 15, 2025
ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို ကျယ်ပြန့်ထိရောက်စွာ အသုံးချနိုင်စေရန်နှင့် သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများ အနီးကပ်ထိတွေ့၍ ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ကြစေရန် စနေနေ့တိုင်းကျင်းပလျက်ရှိသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းရှိ AERDTC ခန်းမ၌ (၇၁) ကြိမ်မြောက် ကျင်းပသည်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ဇီဝလုံခြုံမှုညီလာခံသို့ တက်ရောက်ဆွေးနွေး
Jun 15, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပဉ္စမအကြိမ်မြောက် ဆိုချီကမ္ဘာ့ ဇီဝလုံခြုံမှုညီလာခံအကြီးအကဲတို့၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံဆိုချီမြို့၌ ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁၀ ရက် မွန်းလွဲပိုင်းက ဆိုချီမြို့ နိုဗိုတယ်ဟိုတယ်၌ကျင်းပသည့် ညီလာခံ၏ အစီအစဉ်များသို့ အခြားသောနိုင်ငံများမှ BWC ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြသည်။
Jun 15, 2025
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) နှင့် ဘဏ်များပူးပေါင်း၍ အွန်လိုင်းငွေကြေးလိမ်လည်မှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ် ပုသိမ်ခန်းမ၌ကျင်းပသည်။
Jun 15, 2025
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးကျောက်ဆည် စက်မှုနယ်မြေအမှတ် (၃၆) အကြီးစားစက်ရုံ (ကျောက်ဆည်) ရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ၊ စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
Jun 15, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်း ထုတ်ပြန်ပြီးဖြစ်သည်။
Jun 15, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ပြည်နယ် ခြောက်ခုတို့တွင် ဇွန် ၁၄ ရက်အထိ သေဆုံးသူ ၃၇၅၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၄ ဦးရှိသည်။
Jun 15, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၌ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် သင်တန်းသားအိပ်ဆောင်အဖြစ် အသုံးပြုမည့် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးသည်။