Skip to main content

ရွေ့လျားဆေးကုသယာဉ်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွာသာကြီးအကြီးစားစက်မှုဇုန်ရှိ အလုပ်ဌာနများသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ရန်ကုန် မေ ၉

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် အဖွဲ့ပိုင်ရွေ့လျားဆေးကုသယာဉ်နှစ်စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရွာသာကြီး အကြီးစားစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများသို့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးပြီး လိုအပ်သောဆေးဝါးများ ထောက်ပံ့ပေးသည်။

ရွေ့လျားဆေးကုသယာဉ်များနှင့် အလုပ်သမားဆေးရုံကြီး (ရန်ကုန်၊ ထန်းတပင်) ရှိ အထူးကုဆရာဝန်ကြီးများပါဝင်သော Specialist Tour ဖြင့် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များရှိ အလုပ်ဌာနများနှင့် ညှိနှိုင်းချိတ်ဆက်၍ တစ်လလျှင်တစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) နှင့် (မန္တလေး) တို့တွင် နာတာရှည်ကျောက်ကပ်ရောဂါ လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် အလုပ်သမားဆေးရုံကြီးများနှင့် မြို့နယ်လူမှုဖူလုံရေးဆေးခန်းများအတွက် လိုအပ်သော ဆေးပစ္စည်းကိရိယာများ ဝယ်ယူဖြည့်တင်းပေးလျက်ရှိပြီး ရောဂါရှာဖွေစစ်ဆေးသည့် ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်