Skip to main content

ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂ဝ၂၆ ခုနှစ် ပြည်နယ်နှစ်ပတ်လည်အစည်းအဝေးပြုလုပ်

နေပြည်တော် မေ ၉

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂ဝ၂၆ခုနှစ် ပြည်နယ်နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် (၈) မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ယင်းနောက် နယ်မြေခံတပ်မတော်ဆေးရုံမှ နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်