Skip to main content

Oct 04, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ် ငါးအိုးခေတ်မီစံပြ ကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေကျပ် ၁၀ သန်းဖြင့် ပေါင်းစည်းလယ်ယာ (Integrated Farm) စနစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် တောင်သူ ဦးဆင်ဝါးနော်၏ခြံသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄) ရပ်

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သောစပါးခင်းများအား ပြန်လည်ကုစားရန်အတွက် မြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ထည့်သွင်းခြင်းလုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု မိုးစပါးဧက ၁၀၀ ၌ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်းအတွက် တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ သဘာဝမြေဩဇာတစ်အိတ်၊ ပိုတက်မြေဩဇာ ၂၈ ပေါင်၊ ကျောက်မှုန့် ၅၆ ပေါင်နှင့် ရွက်ဖျန်းမြေဩဇာ ၅၀၀ ဂရမ်နှုန်းတို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည်ကုစားခဲ့သော မိုးစပါးစိုက်ခင်းများ ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

တိုင်ဖွန်းမုန်တိုင်း “ရာဂီ”၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန် - မန္တလေး ရထားလမ်းမကြီး၏ အချို့ရထားလမ်းတာပေါင်နေရာများနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန် - မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ နှစ်(၁၅၀)ပြည့် ကမ္ဘာ့စာပို့တိုက်နေ့(150 YEARS of the UPU) အထိမ်းအမှတ်အဖြစ် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို အောက်တိုဘာ ၉ ရက် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

ပြီးခဲ့သည့်လအတွင်းက တိုင်ဖွန်းမုန်တိုင်း “ရာဂီ” ၏အရှိန်သက်ရောက်မှုကြောင့် ရေကြီးရေလျှံသဘာဝဘေးအန္တရာယ်များ မြန်မာနိုင်ငံတစ်ဝန်း၌ ကြီးကြီးမားမား ကြုံတွေ့ခံစားခဲ့ကြရသည်။ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့်ဒေသများတွင် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်များ၊ ပြည်သူများက အလျင်အမြန် တစ်တပ်တစ်အား ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 04, 2024

အဂတိလိုက်စားမှုများသည် ရှေးကတည်းကပင်ရှိခဲ့သလို အဂတိလိုက်စားမှုများကို ရှေးလူတို့ကလည်း လက်မခံခဲ့ကြသည့်အလျောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာလည်း ရှေးကာလကပင်ရှိခဲ့သည်။ သို့ရာတွင် ခေတ်ကာလသာလျှင် ပြောင်းခဲ့သော်လည်း လူတို့၏ အဂတိလိုက်စားမှု အမူအကျင့်များ၊ အလိုလောဘများကမပြောင်း။ ကမ္ဘာတစ်ဝန်း၌ သိသိသာသာဆိုးရွားလာသည့် အဂတိလိုက်စားမှုများကို ကိုင်တွယ်နိုင်ရန်အတွက် နိုင်ငံတကာသဘောတူညီချက်အနေဖြင့် ၂၀၀၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်းကို အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၅ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ အကောင်အထည်ဖော်နိုင်ရန် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးဥပဒေပြဋ္ဌာန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ခုတ်ချောင်းရေမြင့်တက်လာပြီး တာချီလိတ် - မိုင်းတွမ်း - မိုင်းဆတ်မြို့သွား ပြည်ထောင်စုလမ်းမပေါ်ရှိ မိုင်းဆတ်မြို့အဝင် အရှည် ၃၂၈ ပေ၊ အကျယ် ၃၀ ပေရှိသည့် နမ့်ခုတ်ချောင်းကူး နမ့်ခုတ်ငြိမ်းချမ်းရေး (ဆိုက်ခေါင်) သံကူကွန်ကရစ် တံတားမှာ ၁၃၀ ပေခန့် ရေစီးနှင့်မျောပါပျက်စီးသွားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဝန်ထမ်းများက သန်းခေါင်စာရင်းလာကောက်စဉ် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်သည့် စကားများပြောကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်