Apr 27, 2024
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပဲခူးစက်မှုဇုန်ရှိ Bago Sports Gloves Co.,Ltd ၏ လက်အိတ်စက်ရုံသို့ရောက်ရှိရာ တာဝန်ရှိသူများက ထုတ်လုပ်ပြီး အားကစားလက်အိတ်များ ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
Apr 27, 2024
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေး အစီအစဉ် (Knowledge Sharing Program- KSP) အရကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၄၀) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
Apr 27, 2024
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့၏ (၁/၂၀၂၄-၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 27, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiao Hong ၏ ဖိတ်ကြားချက်အရ ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာ - တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်လျက်ရှိသည်။
Apr 27, 2024
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသော လူရည်ချွန်မောင်မယ်များ ဂုဏ်ပြုဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
Apr 27, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။
Apr 27, 2024
ကလေးငယ်များသည် ဖူးပွင့်စပန်းပင်လေးများနှင့်တူသည်။ ပြုစုယုယကာကွယ်စောင့်ရှောက်မှုမပြုနိုင်ပါက အချိန်မတိုင်ခင် ပျက်စီးကြွေလွင့်သွားနိုင်သည်။ မိဘများနှင့်ကျန်းမာရေးဆိုင်ရာတို့သည် ဥယျာဉ်မှူးများနှင့်တူပြီး ပန်းကလေးများ ဖူးပွင့်ဝေဆာ လန်းဆန်းရှင်သန်လာအောင် မပြတ်ဂရုစိုက် စောင့်ရှောက်ပေးရသည်။ ကလေးများအတွက် ကာကွယ်ဆေးသည် မိဘမေတ္တာကို ကိုယ်စားပြုသည့် အကာအကွယ်နှင့်တူသည့် လက်ဆောင်တစ်ခုဖြစ်သည်။
Apr 27, 2024
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းတွင် အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ်မှ ၂၄ နှစ်အထိ ၈ ဒသမ ၆၁ ရာခိုင်နှုန်း ပါဝင်လျက်ရှိသည်။ အဆိုပါအသက်အရွယ်သည် ယေဘုယျအားဖြင့်ဆိုပါက အခြေခံပညာများနှင့် အဆင့်မြင့်ပညာများကို ကျောင်းများ၊ တက္ကသိုလ်များတွင် သင်ကြားနေကြပြီး အနာဂတ်အတွက် ပြင်ဆင်နေကြရမည့်အရွယ်များဖြစ်သည်။ လူငယ်များသည် အနာဂတ်ကာလ နိုင်ငံတော်ကို ဦးဆောင်မည့်သူများ၊ အနာဂတ်ကာလနိုင်ငံတော်ကို ပုံဖော်တည်ဆောက်မည့်သူများဖြစ်ရာ တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာအောင် နိုင်ငံတော်က ပြုစုပျိုးထောင်ပေးလျက်ရှိသည်။
Apr 26, 2024
KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ NMSP AD (မွန်ခွဲထွက်အဖွဲ့) နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ၊ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသတ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ မတ်လ ၂၄ ရက်မှစ၍ အင်အားအလွန်အကျွံအသုံးပြုကာ ဌာနဆိုင်ရာ အဆောက်အဦများ၊ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လာခဲ့ရာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များ၊ ရဲစခန်းများမှ အင်အားစုစည်း၍ ခုခံခဲ့သော်လည်း မတ်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းကျေးရွာမှလည်းကောင်း၊ မတ်လ ၂၇ ရက်တွင် ဓမ္မသတ်ကျေးရွာမှလည်းကောင်း၊ အသီးသီးခေတ္တခွာခဲ့ရပြီး တရနာကျေးရွာ၌ ပြန်လည်စုဖွဲ့ခဲ့သည်။
Apr 26, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာသင်ကြားပေးလျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
Apr 26, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အင်းစိန်မြို့နယ် ကြို့ကုန်း(အရှေ့)ရပ်ကွက်၌ သန်းထွန်း(ခ)ဦးထွန်း မောင်းနှင်ပြီး မနန်းဆိုင်ဆာ(ခ)အေးယိမ်း လိုက်ပါလာသည့် TOYOTA Vitz အမျိုးအစားယာဉ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား တစ်သိန်းကိုလည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် ရွှေပြည်သာမြို့နယ် (၂၀)ရပ်ကွက် မြောင်းမြလမ်းရှိ မနန်းဆိုင်ဆာ(ခ)အေးယိမ်း၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃ ဒသမ ၅ သိန်းကိုလည်းကောင်း။
Apr 26, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Apr 26, 2024
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတို့ကို အိမ်နီးချင်းနိုင်ငံများသို့ ကုန်တင်ပို့နိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။
Apr 26, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
Apr 26, 2024
(၅၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းညှိနှိုင်းရေးရုံးဘုတ်အဖွဲ့အစည်းအဝေးနှင့် မဲခေါင် ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၄ တို့ကို ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လီဂျန့်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ မဲခေါင်ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးမှ အလုပ်အမှုဆောင် ဒါရိုက်တာ၊ ဒေသတွင်းခရီးသွား လုပ်ငန်းဆိုင်ရာ အစိုးရပုဂ္ဂလိက ကိုယ်စားလှယ်များနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင်များ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်၍ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Apr 26, 2024
နေပြည်တော်ကောင်စီနယ်မြေ၌ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာနှင့် ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ဆီထွက်သီးနှံဇုန်တာဝန်ခံများ တက်ရောက်ကြသည်။
Apr 26, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)သို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုပြသမည့် ပြခန်းပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Apr 26, 2024
မေ ၁ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။