Jul 06, 2025
(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမဝါယမစီးပွားရေးဗဟိုဌာန၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက် နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 06, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်း အတွင်းကျင်းပသည်။
Jul 06, 2025
နိုင်ငံတစ်ဝန်းကျေးလက် မြို့ပြများအားလုံးစိမ်းလန်းစိုပြည်သာယာစေရန်၊ မိမိပတ်ဝန်းကျင်နှင့် ကမ္ဘာ မြေငြိမ်းချမ်းသာယာစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရုံး၌ ကျင်းပသည်။
Jul 06, 2025
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့တာမွေမြို့နယ် ကျိုက္ကဆံကွင်းအတွင်းရှိ ဘောလုံးကွင်းအမှတ်(၁)၌ I.S.P.E FC အမျိုးသားဘောလုံးအသင်းနှင့် I.S.P.E FC အမျိုးသမီးဘောလုံးအသင်း အခြေခံကိုယ်လက်ကြံ့ခိုင်စွမ်းရည်ရှိစေရန် မီတာ ၈၀၀ အပြေး Training လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jul 06, 2025
၂၀၂၅ ခုနှစ်(၁၀၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့သမဝါယမစီးပွားရေးဗဟိုဌာန၌ ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဗဟိုသမဝါယမအသင်းလီမိတက်နာယက၊ ဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Jul 06, 2025
နေပြည်တော် AERDTC ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၇၄)ကြိမ်မြောက် တောင်သူနည်းပညာ ပေးဆွေးနွေးပွဲတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ အကောင်အထည်ဖော်မှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေးအစီအစဉ်များအား တောင်သူနှင့် စိုက်ပျိုးရေးပညာရှင်များ အပြန်အလှန်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။
Jul 06, 2025
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အလယ်တန်းကျောင်းခွဲ(သူဌေးကုန်း)၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jul 06, 2025
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သာယာလှပရေး၊ ရာသီဥတုမျှတကောင်းမွန်စေရေးနှင့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများနိုးကြားတက်ကြွစွာ ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်လာကြရန် တိုက်တွန်းနှိုးဆော်သည့် ရည်ရွယ်ချက်များဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ ညနေပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝင်းအတွင်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာ ထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jul 06, 2025
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုပြဿနာနှင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေဆိုးကို ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံ့တာဝန်ကို ယူလိုက်ရသည့်အချိန်တွင် ပြည်ပနိုင်ငံများသို့ ထွက်ပြေးခိုလှုံသွားသည့် နိုင်ငံရေးသမားအချို့က CRPH နှင့် NUG အဖွဲ့တို့ကိုဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ၎င်းအုပ်စုသည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသော အဖွဲ့များဖြစ်သည်။ အဆိုပါအကြမ်းဖက်အုပ်စုသည် ဖြစ်ပေါ်လာသည့် အခြေအနေတွင် ၎င်းတို့အကျိုးအတွက် အသုံးချနေသည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။
Jul 06, 2025
ပစ္စက္ခကာလ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများမှာ အတိုက်အခိုက်၊ အဖျက်အဆီးများကြားမှ ရှေ့သို့မှန်မှန်ရွေ့လျားနေသည်။ ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရသစ်တစ်ရပ်နှင့်အတူ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ရပ်လည်း ပေါ်ပေါက်လာမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ပြီး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုများမှာလည်း အတော်ပင်ခရီးရောက်နေပြီဖြစ်သည်။
Jul 05, 2025
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Jul 05, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သောမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jul 05, 2025
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကိုအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Jul 05, 2025
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကိုဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနကဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ်ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်း အချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်လမ်းတံတားများ အရည်အသွေးပြည့်မီစွာတည်ဆောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Jul 05, 2025
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကျေးလက်လမ်းခင်းပစ္စည်းများ ဓာတ်ခွဲခန်းရုံးသို့သွားရောက်၍ မြေသားလမ်း၊ ကျောက်ချောလမ်း၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ တည်ဆောက်ရာတွင် အသုံးပြုသော ဒေသအလိုက် မြေအမျိုးမျိုး၏အရည်အသွေးများ စမ်းသပ်ခြင်း၊ ကျောက်၊ သဲ၊ ကတ္တရာ၊ ကွန်ကရစ်အရည်အသွေးများ စမ်းသပ်ခြင်းနှင့် အသုံးပြုလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jul 05, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနသို့ ဝူရှူးအားကစားပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေ မြို့နယ်ရှိ ကျိုက္ကဆံကွင်းအားကစား နှင့် ကာယပညာသိပ္ပံ(ရန်ကုန်)၌ ကျင်းပသည်။
Jul 05, 2025
မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၃၁) ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာများမှ လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။