Skip to main content

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် အမှတ် (၁) တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တို့ ကြည့်ရှု

ရန်ကုန် မေ ၃၁

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက်ရှိ အမှတ် (၁) တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်း (ရဲမွန်) သို့ ရောက်ရှိပြီး သင်ကြားသင်ယူမှုဆိုင်ရာပစ္စည်းများ ရောက်ရှိမှုအခြေအနေများနှင့် ဆရာ ဆရာမများ ခန့်အပ်တာဝန်ပေးထားမှုအခြေအနေများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် သင်ကြားသင်ယူမှုဆိုင်ရာ အထောက်အကူပြုစာအုပ်များ၊ ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများထံ ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ရှိ လှည်းကူးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး သင်တန်းသား သင်တန်းသူများ သက်သာချောင်ချိရေးအတွက် မွေးမြူရေးကြက်ခြံတွင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်