Oct 26, 2022
ယခုသင်တန်းကို လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့် ဝန်ထမ်းသစ်များအတွက် လုပ်ငန်းနယ်ပယ်တွင် အခြေခံလိုအပ်ချက်ဖြစ်သည့် အတတ်ပညာ၊ ဗဟုသုတများကို သိရှိနားလည်တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက ပြောကြားသည်။
Oct 26, 2022
၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Ritz Calton ဟိုတယ်၌ အာဆီယံ-တူကီယံ Talent For Biz အစီအစဉ်အား ကျင်းပသွားမည်ဖြစ်သည်။
Oct 26, 2022
ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် (10th ASEAN Quiz -Regional Level) ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ မြန်မာနိုင်ငံ ပြန်ကြားရေး ဆပ်ကော်မတီ (SCI - Myanmar) ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN Quiz (Regional Level) ပြိုင်ပွဲအတွက် နိုင်ငံအဆင့်ကိုယ်စားပြု ဆောင်ရွက်ကြမည့် စီမံကိန်းတာဝန်ခံများ စုစုပေါင်း ၃၄ ဦး တက်ရောက်ဆွေးနွေးကြသည်။
Oct 26, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၆၉) ၏ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
Oct 26, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်အတွင်းရှိ မက်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ် (၃) လမ်းမကြီးမှတစ်ဆင့် အမှတ် (၇) လမ်းမကြီးအတိုင်း လမ်းတစ်လျှောက်ကိုလည်းကောင်း၊ အမှတ် (၂) လမ်းမကြီး မိုင်တိုင် (၁၆ / ၄) အနီးတွင် မက်(စ်)မြန်မာဟိုင်းဝေးကုမ္ပဏီမှ ၄၈ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
Oct 26, 2022
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့နံနက် ၁၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
Oct 26, 2022
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ချက်များအား ဥပဒေနှင့်အညီ တစ်ပြေးညီဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 26, 2022
မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ နည်းပြများ၊ ဝန်ကြီးဌာနများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Oct 26, 2022
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော မငြိမ်းချမ်းသည့် လက်နက်ကိုင်ပဋိပက္ခများကို ယနေ့ထက်တိုင် တွေ့မြင်နိုင်သည်။ ခေတ်အဆက် ဆက်အစိုးရများနှင့် လက်ရှိကာလထိတိုင် တိုင်းပြည်ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းနေသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့မှာ ငြိမ်းချမ်းရေးကိုမလိုလားဘဲ ၎င်းတို့၏ခံယူချက်၊ ၎င်းတို့၏အကျိုးစီးပွားကိုသာရှေးရှု၍ တည်ငြိမ်မှုပျက်စီးအောင် အစဉ်တစိုက်ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။