Skip to main content

ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူငွေပေးအပ်

ရန်ကုန်  ဇန်နဝါရီ  ၉


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၇ ရက်က စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း ၌ ကျင်းပသည်။


အလှူရှင်များက အလှူတော်ငွေများကို ပေးအပ် လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိနှင့် အဖွဲ့ဝင်များက လက်ခံပြီး ထုတိအနုမော ဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။


ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ နိုင်ငံတော် (သီးခြား)ဝိနည်း ဓိုရ်)ထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာ တရား နာယူကြသည်။


အဆိုပါ အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၇၂ ဦးက ရွှေပြား ၉၇ ချပ်၊ ရင်ပြင်တော် အခင်းကျောက်ပြားအလှူရှင်များက ကျောက်ပြား ၁၅၇၃၃ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသား အလှူရှင် ၃၈ ဦးအပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၄၉၄၁၆၇၄၇၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်