COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Nov 01, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Nov 01, 2022
တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့၏ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။
Nov 01, 2022
နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက်
Nov 01, 2022
၁။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသူများအတွက် တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများစာရင်းကို (၃-၁၁-၂၀၂၂)ရက်တွင် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန website http://www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website http://www.dhe.gov.mm တို့တွင် ကြေညာထားမည်ဖြစ်ပါသည်။
Nov 01, 2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာထူထောင်ခြင်းစီမံကိန်းကို မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် တိုင်းဒေသကြီး/ ပြည်နယ်များနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို စီမံကိန်းသဘောသဘာဝနှင့် စီမံကိန်းသဘောတရားများကို ထိထိမိမိ နားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာထူထောင်ခြင်း စီမံကိန်းအကောင်အထည်ဖော်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပသည်။
Nov 01, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ယနေ့နံနက် ၇ နာရီခွဲတွင် စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၀၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှပါမောက္ခများ၊ သင်ကြား/ စီမံဌာနများနှင့်တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်မိန့်ခွန်းပြောကြားသည်။
Nov 01, 2022
အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ အောက်တိုဘာလကုန်ထိ လစဉ်စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်တို့ရှိ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစိစစ်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 01, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာနမှကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Fllow-up Project on Establish-ment of Myanmar ICT Development Institute စီမံကိန်းအတွက် Amazon Web Service(AWS Solution Architect Associate Course နှင့် AWS Solution Architect Professional Course) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မင်္ဂလာသီရိဟိုတယ် နေပြည်တော်၌ ကျင်းပသည်။