Skip to main content

Jan 07, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီ ၅ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၂ ဦး၊ အမျိုးသမီး ၁၁၄ ဦး၊ စုစုပေါင်း ၂၁၆ ဦး၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၂၅ ဦးနှင့် လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၂၉ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီ က ဇမ္ဗူသီရိမြို့နယ် အောင်ဇမ္ဗူရပ်ကွက် ကိုးနဝင်းဆုတောင်းပြည့်ဘုရား အောင်ချမ်းသာ ဓမ္မာရုံအတွင်း ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပဲခူးမြို့ အရှေ့ဘက် မြို့ရှောင် လမ်း-သမိန်ဗရမ်း-ဆံတော်တွင်း လမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက် ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်အဆိုပါတံတားအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းအသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ Xeparin 60 mg Injection အခု ၅၉၉၆၀၊ XEN-C 50 mg အခု ၁၀၀၂၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Electronic Blood Pressure Monitor အခု ၅၉၈၀၀၊ ဆေးဝါးမျိုးစုံ ၂၇ မျိုး စုစုပေါင်း ၇၁၀၅၄ ဒသမ ၄၀ kg အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် စီးပွားရေးသည် အရေးပါသော်လည်း နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုကသာ အရင်းခံကျသည်ဟု ပညာရှင်တို့က မိန့်ဆိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် လိုအပ်သော နိုင်ငံရေးအခြေအနေများ ဖွဲ့စည်းဖြစ်ပေါ်လာခြင်းက နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ခြင်းပင်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ပြီး ဖြစ်သော ကမ္ဘာ့နိုင်ငံကြီးများနှင့်မတူသောအချက်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အားအနည်းဆုံးနယ်ပယ်သည် အရေးအကြီးဆုံးဖြစ်သော နိုင်ငံရေးနယ်ပယ်ပင်ဖြစ်နေကြောင်းဖြင့်လည်း ပညာရှင်များက ပြောကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ကရင်ပြည်နယ် လေးကေ့ကော်ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများ ရှိလာပြီး တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အပြစ်မဲ့ပြည်သူများ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ထွက်ပြေးတိမ်းရှောင်နေသူများမှာ မိမိတို့နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုထိန်းချုပ်လာနိုင်သည်နှင့်အမျှ ကျောင်းသား၊ ကျောင်းသူများ သင်ယူမှုအဆက်မပြတ်စေရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့် မော်တော်ယာဉ်များကို စစ်ဆေးခဲ့ရာ စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် လျှပ်စစ်ရေနွေးအိုး (၄၀၀)၊ ခန့်မှန်းတန်ဖိုး ငွေကျပ်(၅၈၀,၀၀၀/-)ကို စစ်ဆေးတွေ့ရှိရသဖြင့် သိမ်းဆည်း၍ အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၃) ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပညာရည်မြင့်မားရေး၊ လူ့စွမ်းအားဖွံ့ဖြိုးရေးနှင့် အသိပညာ ဖြန့်ဝေရေး (Knowledge Sharing Program-KSP) အစီအစဉ်အရ “ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေနှင့် ဆက်စပ်သော ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့် စာရင်းများ (Non Budget)” ခေါင်းစဉ်ဖြင့် အသိပညာ များ ဖြန့်ဝေသည့် ဆွေးနွေးပွဲအမှတ်စဉ် (၁၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 07, 2022

အာရောဂျံ ပရမံ လာဘံ ဟူသည့်စကားနှင့်အညီ ကျန်းမာရေးကောင်းမွန် ခြင်းသည် လူတိုင်းအတွက် လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာ သင်ကြားနိုင်မည်ဟူသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ မူဝါဒလမ်းညွှန်ချက်နှင့်အညီ တပ်မတော်အနေဖြင့် အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေသည့်အပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များဖြစ်သည့် ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ခေတ်အဆက်ဆက်တွင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 06, 2022

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ ဆောင်ရွက်ဆဲ အမှုလိုက်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်