Jun 18, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက နမ့်စန်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန နမ့်စန်ပင်မဓာတ်အားခွဲရုံ၏ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 18, 2025
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား”အစီအစဉ်မှ “အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်တွေကို စာပေသင်ကြားပေးနေတဲ့ ပညာရေးဝန်ထမ်းတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်နေတဲ့ အကြမ်းဖက် PDF အဖွဲ့”ခေါင်းစဉ်ဖြင့် ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jun 18, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆု၊ ဝတ္ထုတိုပေါင်းချုပ်ပထမဆုရရှိသည့် စာရေးဆရာ အမေ့သား (နတ်မောက်)၏ “မုသားချိုချိုနှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Jun 18, 2025
လုပ်အားခများကို ခေါင်းပုံဖြတ်ရယူခဲ့သူအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅၊ ၃၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ကျခံစေရန်အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 18, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jun 18, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်ကလှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတို့တွင် ယနေ့အထိ သေဆုံးသူ ၃၇၅၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅၁ ဦး ရှိသည်။
Jun 18, 2025
(၂၃)ကြိမ်မြောက် အာဆီယံစားရေ ရိက္ခာဖူလုံရေးဆိုင်ရာ သတင်းအချက်အလက်စနစ်၏ (THE 23 ASEAN FOOD SECURITY INFORMATION SYSTEM (AFSIS) Focal Point Meeting) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Jun 18, 2025
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကို ရေယာဉ်များနေ့၊ ညဖြတ်သန်းရာတွင် ရေလမ်းကြောင်းဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်ပြင်ဆင်စီမံမှုများ ဆောင်ရွက်ထားနိုင်ရန် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ စက်ဆန်း ဝန်ထမ်းမိသားစုအိမ်ရာ၊ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့် တက်ရောက် အမှာစကားပြောကြားသည်။
Jun 18, 2025
“ပိုမိုကောင်းမွန်ပြည့်စုံသော မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာရပ်သင်ကြားနိုင်ရေး၊ သင်ရိုးညွှန်းတမ်းများ သုံးသပ်ပြင်ဆင်ပေး” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပြင်ပပညာရှင်ကြီးများနှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ ဆရာ ဆရာမများ တက်ရောက်ကြသည်။
Jun 18, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
Jun 18, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ (၄)နှစ်ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။
Jun 18, 2025
ကလေးသူငယ် လူငယ်လူရွယ်များအတွက် အနာဂတ်မျှော်လင့်ချက်သည် အတန်းပညာ တစ်နှစ်တစ်တန်းအောင်မြင်ပြီး ပညာတတ်လူသားအရင်းအမြစ်များ ဖြစ်လာစေရေးဖြစ်သည်။ ကလေးသူငယ်ဘဝမှ လူလားမြောက်သည့်အရွယ်အထိ တစ်နှစ်တစ်တန်းအောင်မြင်စေရန်အတွက် တစ်နှစ်တာပတ်လုံး ကြိုးပမ်းအားထုတ်ကြရသည်။ ကျောင်းသား ကျောင်းသူများအနေဖြင့် မည်သို့သော အခက်အခဲများရှိသည်ဖြစ်စေ မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်ကြသည်မှာ အားတက်စရာဖြစ်သည်။
Jun 18, 2025
“ပညာဘဏ်တိုက် စာကြည့်တိုက်”ဟူ၍ အဆိုရှိသည်။ စာကြည့်တိုက်များကို အသိပညာ၊ အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာ ဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်သည်။ ပါရမီရှင်များမှလွဲ၍ သာမန်လူတို့အဖို့ ဉာဏ်ပညာဗဟုသုတတို့နှင့် ပြည့်စုံနိုင်ရန်မှာ ကျောင်းသင်ခန်းစာများ၊ ဘဝအတွေ့အကြုံများလောက်နှင့် မလုံလောက်နိုင်။ ထို့အတွက် အလွယ်ကူဆုံးဖြည့်စွက်နိုင်မည့် နည်းလမ်းမှာ စာဖတ်ခြင်းပင်ဖြစ်သည်။
Jun 17, 2025
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 17, 2025
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများသည် စာမေးပွဲ ပထမနေ့ ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ စာစစ်ဌာန ၁၉၅ ခု၌ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ ၆၂၈၀၀ ဦး (ဖြေဆိုရာခိုင်နှုန်း ၉၈.၆၃ ရာခိုင်နှုန်း)ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
Jun 17, 2025
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြမဲပေးခြင်းကို ယနေ့ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Jun 17, 2025
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်နှင့် ကောင်းမှုတုံရပ်ကွက်အတွင်း၌ တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများပူးပေါင်းကာ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရသက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခြင်းများ လုပ်ကိုင်ခဲ့ပါသည်။
Jun 17, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ - ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၇၀ ဦး၊ အီသီယိုးပီးယား နိုင်ငံသား ၅၆ ဦး၊ ကင်မရွန်းနိုင်ငံသား ရှစ်ဦးနှင့် ဂါနာနိုင်ငံသား နှစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၆ ဦးတို့အား ယနေ့တွင် မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသားခုနစ်ဦးကို ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Jun 17, 2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး) စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကုလားတဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/ ကျောင်းသူ ၉ ဦး၏ မိဘများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဇွန် ၁၆ ရက်နံနက်ပိုင်း မြန်မာစာဘာသာရပ် ဖြေဆိုပြီးသည့်နောက် ထပ်မံခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို ဆက်လက်ဖြေဆိုခြင်းမရှိတော့ဘဲ ၎င်းတို့၏နေရပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။
Jun 17, 2025
ဇွန် ၁၆ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၄ မိနစ် ၀၁ စက္ကန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၄၉ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region) မြောက်လတ္တီတွဒ် ၁၀ ဒသမ ၉၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၂၈ ဒီဂရီ၊ အနက် ၁၂၄ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။
