Jul 08, 2025
ဗုဒ္ဓမြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါ ရဟန်းတို့အား ဝါဆိုဝါကပ်ပညတ်တော်မမူရသေးသည့် ကာလဖြစ်ခြင်းကြောင့် ရဟန်းတို့သည်လည်း နွေမိုးဆောင်းဥတုသုံးပါးလုံးတို့တွင် ဒေသစာရီလှည့်လည်ကြကုန်သည်။ ထိုအခါ သာသနာတော်တွင် ကြည်ညိုခြင်းမရှိသူတို့က ဤသို့ခရီးလှည့်လည်ခြင်းကို ပြစ်တင်ကာ တိတ္ထိတို့သည်ပင် မိုးအခါ၌ ကြောင့်ကြမဲ့စွာ ကိန်းအောင်းကြ၏။ ကျေးငှက်တို့သည်လည်း မိုးအခါသစ်ပင်တို့၌ အသိုက်ပြုကာကြောင့်ကြမဲ့နေကြကုန်၏ဟု ကဲ့ရဲ့ရှုတ်ချကြရာ ဗုဒ္ဓမြတ်စွာဘုရားရှင်က ရဟန်းတော်တို့အား ဝါဆိုဝါကပ်ခြင်းကို ခွင့်ပြုတော်မူခဲ့သည်။
Jul 07, 2025
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jul 07, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-မဲ့ထော်သလေး(KK Park)နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသူတစ်ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
Jul 07, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဇူလိုင်လ ၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉၁၉၈ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈၉၈၇ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၁၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
Jul 07, 2025
ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ခြင်္သေ့လမ်းရှိ ဦးဒေါန၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါးများရောစပ်ထားသော Happy Water o ဒသမ ၄၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၁၀၀ နှုန်းဖြင့် ခန့်မှန်းဖိုးငွေကျပ် ၄၉၅ သိန်း)နှင့် ကတ်တမင်း ၁ ဒသမ ၁၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ဒေါန(၇၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Jul 07, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲ(၂)နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
Jul 07, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 07, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၆၁၀၆ ပါး/ဦးအနက် ၉၂၆ ပါး/ဦး အောင်မြင်၍ ၁၅ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင်ဖြေဆိုသူ ၇၅၇၆ ပါး/ဦးအနက် ၁၄၆၅ ပါး/ဦး အောင်မြင်၍ ၁၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင်ဖြေဆိုသူ ၁၃၂၃၅ ပါး/ဦးအနက် ၃၈၂၀ ပါး/ဦး အောင်မြင်၍ ၂၉ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင်ဖြေဆိုသူ ၁၉၄၉၇ ပါး/ဦးအနက် ၈၁၃၇ ပါး/ဦး အောင်မြင်၍ ၄၂ ရာခိုင်နှုန်း အောင်မြင်ကြသည်။
Jul 07, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ကျမ်းရင်းသုံးကျမ်းအောင် (ကျမ်းပြီး) ၁၁၄၈ ပါး/ဦး၊ နှစ်ကျမ်းအောင် ၁၁၁၄ ပါး/ဦး၊ တစ်ကျမ်းအောင် ၁၂၉၆ ပါး/ဦး၊ ပါဠိဂုဏ်ထူးအောင်တစ်ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၃ ပါး စုစုပေါင်း ၃၅၇၂ ပါး/ဦး အောင်မြင်ကြသည်။
Jul 07, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
Jul 07, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပခုက္ကူစာပေဆုဝတ္ထုတိုပေါင်းချုပ် ဒုတိယဆုရရှိသည့် စာရေးဆရာ ကိုနီသွေး (မန်းမြို့) ၏ “အတိုဆုံးဝတ္ထု၊ အရှည်ဆုံးပြဇာတ်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
Jul 07, 2025
လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ (သို့မဟုတ်) မည်သူ မည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကို ဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။
Jul 07, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ ၂၀၂၅ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင်၊ သင်္ဃန်းကျွန်းခရိုင်နှင့် လှည်းကူးခရိုင်တို့ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
Jul 07, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ဘောလုံးကွင်းသို့ ရောက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး U-18 ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရန် ဂိုးတိုင်၊ ဂိုးပိုက်များနှင့် အားကစားသမားအရန်ထိုင်ခုံများ ကောင်းမွန်စေရေး၊ ပွဲကြည့်စင်များ ကောင်းမွန်စေရေး၊ ဘောလုံးကွင်းစိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ကိုမှာကြားပြီး တိုက်ကွမ်ဒိုအားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
Jul 07, 2025
တောင်သူများ ကိုယ်တိုင်ပါဝင်သည့် သားဆက်လိုင်းများ မွေးမြူရွေးချယ်ခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စု ရေအေးကျေးရွာ ကွင်းအမှတ် (၂၀၄၀) ၌ ကျင်းပသည်။
Jul 07, 2025
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂ ရက် ညနေ ၄ နာရီတွင် အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက် ၁၂ လမ်းအတိုင်း ကိုကိုဝင်း (ခ) သူရဝင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ (တစ်ပြားလျှင် ကျပ်၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၀) ဖမ်းဆီးရမိပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ်၌ ဆေးပြားများရောင်းချပေးသူ မျိုးမင်းအား ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် ညနေ ၆ နာရီတွင် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက်နေ ဖြိုးကျော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၀ (တန်ဖိုးငွေကျပ်သိန်း ၁၈၄၀) နှင့် ဘိန်းဆီခဲ ၂၇ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၆၇၅ သိန်း) တို့ကို ဖမ်းဆီးရမိခဲ့သည်။
Jul 07, 2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 07, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Jul 07, 2025
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Jul 07, 2025
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းတွင် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကွပ်ကဲရေးရုံးသို့ ရောက်ရှိကြပြီး မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်လာကြသည့် တရုတ်နိုင်ငံသား ၁၇ ဦး၊ ကင်ညာနိုင်ငံသားတစ်ဦး စုစုပေါင်း ပြည်ပနိုင်ငံသား ၁၈ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့်အချက်အလက်များ စာရင်းကောက်ယူနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။
