Sep 29, 2022
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရုံးသစ်များ ဖွင့်လှစ်မှုနှင့်အတူ လိုအပ်ချက်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ တင်ပြ ဆောင်ရွက်ကြရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မှာကြားသည်။
Sep 29, 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခမ်းနား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ရှိကြောင်း သိရသည်။
Sep 29, 2022
လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 29, 2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သစ်ပုတ်ကုန်း ကျေးရွာအုပ်စုတွင် အားကစားနှင့် ကာယပညာသိပ္ပံနှင့် ကန်သုံးဆင့် အဆင့်မြင့်ရေကူးကန် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Sep 29, 2022
မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညောင်ဦးခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံ Channel 5 Midea အဖွဲ့တို့နှင့် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ Aureum Palace Resort Hotel ၌ တွေ့ဆုံ ဆွေးနွေးသည်။
Sep 29, 2022
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၃ ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ Video Conference ဖြင့် ကျင်းပသည်။
Sep 29, 2022
ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ မတင်သွင်းနိုင်သေးသော ကျောင်းသား၊ ကျောင်းသူများ
Sep 29, 2022
97 Media မှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ မိသားစုသို့လွှဲငွေများကို တရားဝင် ဘဏ်များမှလွှဲနိုင်ရန် အလုပ်သမား ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်ကို သိရှိရပါကြောင်း၊ အစည်းအဝေး ပြုလုပ်သည်ကိုလည်း သိရှိရကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အခြေအနေများကို သိလိုကြောင်း မေးမြန်းသည်။
Sep 29, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကုန်သေတ္တာ စစ်ဆေးရေးစခန်းများ၌ တာဝန်ကျအကောက်ခွန် စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
Sep 29, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Sep 29, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီ/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 29, 2022
ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် မော်တော်ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ငါးဦးအတွက် အာမခံကြေးများအား ကျန်ရစ်သူ မိသားစုများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 29, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မိုးထိ၊ မိုးမိဒေသသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ရမည်းသင်းခရိုင် အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 29, 2022
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် သတ်မှတ်ထားသည့် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် သိပိုင်ခွင့် အပြည်ပြည်ဆိုင်ရာနေ့ ကို ဂုဏ်ပြုသောအားဖြင့် Online ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ လက်တွေ့လုပ်ငန်း ဆောင်ရွက်နေ သူများနှင့် စိတ်ပါဝင်စားသည့် ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
Sep 29, 2022
ကော်မရှင်အနေဖြင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မှုအနေ ဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခုတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ CPU များကို ဖွဲ့စည်းခြင်းဖြင့် ဝန်ထမ်းများ အတွင်း အဂတိကင်းရှင်းစေရန်၊ ကြိုတင်ကာကွယ်မှုဖြစ်စေရန်နှင့် အသေးစား အဂတိလိုက်စားမှု (Petty Corruption) ကို ဟန်ချက်ညီညီ ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။
Sep 29, 2022
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ်ပြီး ရုပ်မြင်သံကြား ထုတ်လုပ်ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများနှင့် Content Provider များအနေဖြင့် ပြည်တွင်းရုပ်ရှင်ဇာတ်ကား/ဇာတ်လမ်းတွဲ၊ ပြည်ပရုပ်ရှင် ဇာတ်ကား/ဇာတ်လမ်းတွဲများအား ဗီဒီယိုဆင်ဆာ စိစစ်ခွင့်ပြုချက်ရယူပြီးမှ ပြသကြရတော့မည် ဖြစ်သည်။
Sep 29, 2022
မြန်မာနိုင်ငံသည် ရေမြေသဘာဝ မတူကွဲပြားသည့် အလှအပများနှင့်ယဉ်ကျေးမှု အမွေအနှစ်များ ပေါများသည့် နိုင်ငံဖြစ်၍ ခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ တောင်ပေါ်၊ မြေပြန့်၊ ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ ပင်လယ်ကမ်းခြေ စသည့်တစ်မူထူးခြားသည့် သဘာဝရှုခင်းများ၊ သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အရောင်အသွေးစုံလင်သည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများနှင့် လူနေမှုဘဝပုံစံများ စသည်တို့သည် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်နိုင်သည့် အရင်းအမြစ်များဖြစ်သည်။
Sep 28, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လုံခြုံ၍စွမ်းရည်ပြည့်ဝသော အမျိုးသားငွေပေးချေမှု စနစ်တစ်ရပ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်လျက်ရှိရာ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ မိုဘိုင်းငွေပေးချေမှုများမှတစ်ဆင့် ငွေကြေးလွှဲပြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပြီ ဖြစ်ပါသည်။
Sep 28, 2022
၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။
Sep 28, 2022
မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါနိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်-
