နေပြည်တော် ဖေဖော်ဝါရီ ၁၀
မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (အငြိမ်းစား)မိသားစုက အလှူငွေကျပ်သိန်း ၇၀ တို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။