Skip to main content

Sep 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း (၂/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဥပဒေအသစ် စတင်အကောင်အထည်ဖော်သည့် (၂၀၁၄-၂၀၁၅) ဘဏ္ဍာ နှစ်မှ ၈/၂၀၂၂ လအထိ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်အရ အာမခံအလုပ်သမား ၁,၆၄၈,၁၇၅ ဦးအတွက် ငွေကျပ် ၇၇,၄၆၆ ဒသမ ၂၃၉ သန်းကို ခွင့်ပြုထုတ်ပေးခဲ့ပြီး အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အရ အာမခံအလုပ်သမား ၆၃,၈၁၉ ဦးအတွက် ငွေကျပ် ၆,၉၇၇ ဒသမ ၉၆၃ သန်းကို ခွင့်ပြုနိုင်ခဲ့ပြီးဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းကကျင်းပသည့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမား များ၏ ကျန်ရစ်သူမိသားစုများအား လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူ အကျိုးခံစားခွင့် ထုတ်ပေးသည့် အခမ်းအနားမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းကထုတ်ဝေသော ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းနှင့် သတင်းမီဒီယာအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ Sports Hotel ၌ ကျင်းပရာ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်းမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးမင်း က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

အာရှ - အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အကြိမ်(၆၀) မြောက် အထွေထွေညီလာခံကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ကျင်းပလျက်ရှိရာ အဆိုပါအထွေထွေ ညီလာခံသို့ အာရှ - အာဖရိက ဥပဒေ အတိုင်ပင်ခံအဖွဲ့ (AALCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် H.E. Dr. Kamalinne Pinitpuvadol ၏ ဖိတ်ကြားချက်အရ အာရှ-အာဖရိက ဥပဒေအတိုင်ပင်ခံအဖွဲ့ (AALCO) အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့နှင့်အတူ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်တို့ တက်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ရေးသင်တန်း (၁/၂၀၂၂) တွင် အမှုတည်ဆောက်ခြင်း၊ သက်သေများနှင့် တရားခံများစစ်ဆေးခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများ၊ First Information Report (FIR) ရေး ဖွင့်ခြင်းနှင့် မှုခင်းမှတ်တမ်းများ ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သက်သေခံပစ္စည်းများ၊ အထောက်အထားများရှာဖွေခြင်း နှင့် သိမ်းဆည်းခြင်း၊ ငွေကြေးခဝါချမှုများနှင့် မြေအသုံးချမှုစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားရုံးတွင် စစ်မေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ထားရှိရမည့် သမာဓိတရား၊ ဝန်ထမ်းစည်းကမ်းဆိုင်ရာများနှင့် စုံစမ်းစစ်ဆေးရေးဝန်ထမ်းများ သိသင့်သိထိုက်သော အကြောင်းအရာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

ယခုရက်သတ္တပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ နေ့စဉ် စိုးရိမ်ဖွယ်ရာတိုးလာသလို ပြန်လည်လျော့ကျသွားသည့် ရက်များလည်းရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေး ရောဂါပိုးတွေ့ရှိသည့် လူနာများတွင် ယခင်ရက်က သေဆုံးရသည့် လူနာအချို့သည် ကာကွယ်ဆေးမထိုးထားခြင်း၊ ရောဂါအခံများရှိနေခြင်းတို့ကြောင့်ဟု သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးများပါ ထိုးထားရန်လိုပါသည်။ ထို့အပြင် ရောဂါအခံများရှိနေပါက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိအောင် အထူးဂရုစိုက်နေထိုင်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 27, 2022

“ငါးမှာ ငါးသလောက်” ဟူသည့် ဆိုရိုးစကားက ငါးသလောက်သည် အရသာအရှိဆုံး ငါးမျိုးဖြစ်ကြောင်း ဖော်ညွှန်းနေပြီး မြန်မာနိုင်ငံတွင် လူကြိုက်များသည့် ငါးမျိုးထဲတွင် ပါဝင်ကြောင်း ကိုလည်း ပြဆိုနေခြင်းဖြစ်သည်။ ငါးသလောက်ကို ဘင်္ဂလားပင်လယ်အော် ပတ်ဝန်းကျင် သုံးနိုင်ငံဖြစ်သည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့က အဓိကထုတ်လုပ်ပြီး နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ငါးသလောက် ဖမ်းဆီးရမိမှု ကျဆင်းလာပြီး ငါးအရွယ်အစားမှာလည်း သေးငယ်လာသည့် အခြေအနေသို့‌ ရောက်ရှိလာရာ ငါးသလောက်ငါး သယံဇာတမြှင့်တင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လာသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

NUG နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် လမ်းပန်းဆက်သွယ်မှုများ လုံခြုံရေးချောမွေ့မှုမရှိစေရေး ရည်ရွယ်ချက်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းကြောင်းများတွင် မိုင်းထောင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းများ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်တို့ ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ကုသ၊ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

လူမှုသဟဇာတ သဘောတရားများကို နားလည်သိရှိသူများ ပြားလာသည်နှင့်အမျှ ပြည်သူများအကြား အတွေးအခေါ်များ မြင့်တက်လာပြီး လူမှုပဋိပက္ခ ကင်းဝေးသော၊ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်သူများအနေနဲ့ မိမိရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ မတူကွဲပြားသော လူအုပ်စုများအကြား ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး ကြိုးပမ်းမှုဖြစ်စဉ်တိုင်းတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင် က တိုက်တွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ အကြိမ် (၂၀) မြောက် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့နှင့် ဒုံးတပ်ဖွဲ့တို့၌ တာဝန်ထမ်းဆောင်လျက်ရှိသူများ၏ သား သမီးများ၊ အငြိမ်းစားတပ်ဖွဲ့ဝင်များ၏ သားသမီးများ၊ စုစုပေါင်း ၉၈ ဦးတို့ကို Artillery Gunners Foun- dation က စက်တင်ဘာ ၂၅ ရက်တွင် နယ်မြေခံ အမြောက်တပ်ရင်း၌ ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၂၀၇၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်သုံးမြို့နယ်၌ ဒေသခံပြည်သူ ၂၁၃၄ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခရိုင်၌ ဒေသခံပြည်သူ ၄၆၅၉ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်