Skip to main content

မြန်မာနိုင်ငံအစိုးရက ဆီးရီးယားအာရပ်သမ္မတနိုင်ငံအားလူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေ ပေးအပ်လှူဒါန်း

နေပြည်တော် မေ ၃

ဆီးရီးယားအာရပ်သမ္မတနိုင်ငံတွင် ဖေဖော်ဝါရီ ၆ ရက်က မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ပြည်သူများအတွက် မြန်မာနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နှင့် ညီမျှသည့် အိန္ဒိယ ရူပီးငွေ ၈၁၂၇၂၀၄ ကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမိုးကျော်အောင်က အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယား သံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib ထံသို့ ဧပြီ ၂၈ ရက်တွင် လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်းစဉ်