Jan 01, 2023
ဦးစိန်သန်း (ဗုဒ္ဓဘာသာ)
(ဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ် ရေးအဖွဲ့) (ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျာ
Jan 01, 2023
ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီးဘေးဘယာများဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။
Jan 01, 2023
၂၀၂၂ ကုန်ဆုံး၍ ၂၀၂၃ခုနှစ် နှစ်သစ်မင်္ဂလာ နှစ်ဦးအခါသမယမှာ မြန်မာပြည်သူ ပြည်သားအားလုံး/ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ချမ်းမြေ့သာယာ ဝဖြိုးသောသုခမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။
Jan 01, 2023
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ၂၀၂၂ ဆိုတဲ့ နှစ်ဟောင်းတစ်ခု တော့ကုန်သွားပြန်ပြီ၊ ၂၀၂၃ ဆိုတဲ့ နှစ်သစ်တစ်ခုကိုကူးပြောင်းလာပါ ပြီ၊ အဟောင်းတွေ ကုန်ကုန်သွားပြီးတော့ အသစ်တွေပြောင်း ပြောင်းလာတဲ့အခါ အဲဒီနှစ်ဟောင်းက ကိုယ်ပြုခဲ့တဲ့ကောင်းမှုနဲ့မကောင်းမှု ဒီနှစ်ခုစာရင်းချုပ်ကြည့်ကြရမယ်၊ မကောင်းမှုကများတယ်၊ ကောင်းမှုကနည်းရင် ထိုနှစ်ထိုပုဂ္ဂိုလ်ဟာ အရှုံးထွက်တယ်၊ ကောင်းမှုကများပြီးတော့ မကောင်းမှုနည်းရင်တော့ ထိုနှစ်ဟောင်းမှာ ထိုပုဂ္ဂိုလ်ဟာ အမြတ်ထွက်တယ်၊ အဲဒါကြောင့် နှစ်ဟောင်းနှစ်သစ်အတွက် ကောင်းမှုတွေများများပြုနိုင်ဖို့ မကောင်းမှုတွေကို နည်းနိုင်သမျှ နည်းအောင်ပြုလုပ်ကြဖို့ ရှေးဦးစွာတိုက်တွန်းပါတယ်။
Jan 01, 2023
၂၀၂၂-ခုနှစ်မှ၂၀၂၃-ခုနှစ်သို့ နှစ်ကူးတဲ့အခါမှာ နှစ်ဟောင်းကမကောင်းမှုတွေပျောက်ပြီး နှစ်သစ်မှာ ကောင်းမှုတွေရောက်ရှိအောင် နှစ်ဦး၊ နှစ်သစ်မင်္ဂလာအတွက် ကမ္ဘာသူ ကမ္ဘာသား၊ တိုင်းသူပြည်သား အပေါင်းတို့ကို မေတ္တာဓာတ်များမျှဝေပြီး မေတ္တာ ပို့ပေးပါ့မယ်။
Jan 01, 2023
ယနေ့သည် ခရစ်နှစ် ၂၀၂၂-ခုနှစ်ဟု ဆိုအပ်သော နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၃-ခုနှစ်သို့ ရောက်ရှိသည့် ကမ္ဘာ့နှစ်သစ်ဦး မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုလို ကမ္ဘာ့နှစ်သစ်မင်္ဂလာကို နေ့ထူးနေ့မြတ်မှစ၍ နိုင်ငံသူ၊ နိုင်ငံသားများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး ဘေးဥပါဒ်အန္တရာယ် ရန်စွယ် ဟူသမျှ၊ အနှောင့်အယှက်ဟူသမျှ ကင်းစင်ပပျောက်၍ လိုရာဆန္ဒအဝဝတို့ ပြည့်စုံကြစေရန်-
Jan 01, 2023
ဘုန်းဘုန်းအနေဖြင့် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါတို့မှ ပျောက်ကင်းစေရန်အလို့ငှာ သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး ဂါထာတော်ကို ဩဝါဒကထာအဖြစ် မိန့်ကြားလိုပါသည်-
Jan 01, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 01, 2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်
Jan 01, 2023
ခရစ်သက္ကရာဇ် ၂၀၂၂ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ် နှစ်သစ်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ ၂၀၂၃ ခုနှစ် နှစ်သစ်မင်္ဂလာအခါသမယတွင် နှစ်ဟောင်းမှ မကောင်း သောအမှုများကို ချေဖျက်ပြီး နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်ဖြင့် ကောင်းခြင်းမင်္ဂလာများနှင့်ပြည့်စုံအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အထူးသဖြင့် အေးချမ်းသာယာဝပြောသော လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန် နိုင်ငံတော်၏ရည်မှန်းချက်များ အောင်မြင်အောင် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။
Jan 01, 2023
ယနေ့သည် ခရစ်နှစ် ၂၀၂၃ ခုနှစ် အစပြုသည့် နှစ်သစ်၏ ပထမဆုံးနေ့ဖြစ်သည်။ ၂၀၂၂ ခုနှစ်သည် ယမန်နေ့တွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့သော အချိန် ကာလ ယန္တရားကြီးကို ပိုင်းခြားစိတ်ဖြာ၍ ယနေ့၊ ယမန်နေ့၊ နှစ်သစ်၊ နှစ်ဟောင်း စသည်ဖြင့် ဆိုကြစေကာမူ အချိန်ကာလသည် တစ်ဆက်တစ်စပ်တည်းသာ ဖြစ်သည်။ ယမန်နေ့က ကျန်ရစ်ခဲ့သည့် ပြုဖွယ်ကိစ္စတို့ကို ယနေ့ဆက်လက်ဆောင်ရွက်ရဦးမည်။ အတိတ်ကာလ၏ ဆိုးမွေကောင်းမွေတို့ကို ပစ္စုပ္ပန် တွင် ခံယူ၍ အနာဂတ်ကို ကောင်းမွန်အောင် တည်ဆောက်ကြရဦးမည်။
Dec 31, 2022
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၃၀-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၁-၁၂-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၈၅၁) ခုအား စစ်ဆေးပြီးစီး ခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင် နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။
Dec 31, 2022
တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အပြင် နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတများကို တရားမဝင်ထုတ်ယူသုံးစွဲမှုများ မရှိစေရေးအတွက်လည်း တရားဥပဒေစိုးမိုးရေးတာဝန်များကို နေ့ညမပြတ်ထမ်းဆောင်လျက်ရှိသည်။
Dec 31, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများနှင့် တပ်မတော်အရာရှိကြီးများ၏ မိသားစုဝင်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့သည် ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ခေတ္တတည်းခိုနေထိုင်သည့် နေပြည်တော်ရှိဘုရင့်နောင် ဧည့်ရိပ်သာ၌ သွားရောက်တွေ့ ဆုံနှုတ်ဆက်သည်။
Dec 31, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် “ရနန္ဒက” ဆင်ဖြူတော်ပုံဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ်စာပို့တံဆိပ် ခေါင်းသစ် (၁)မျိုးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်၊ (ဗုဒ္ဓဟူးနေ့) နံနက် (၉) နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။
Dec 31, 2022
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Dec 31, 2022
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိစေရန်အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်နေ့ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌လည်းကောင်း၊ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌လည်းကောင်း ကျင်းပကြမည်ဖြစ်သည်။
Dec 31, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ - ကျုံကဒွန်း - ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၅) မှ တည်ဆောက်နေသည့် ဘားလား တူးမြောင်းတံတား၊ ဘားလားချောင်းတံတားဟောင်း တံတားနှင့် ဖက်လက်တံတား တည်ဆောက်ရေး စီမံကိန်းနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 31, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မောင်တော-ကြိမ်ချောင်း ကားလမ်း အောင်ဇေယျ ကျေးရွာအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရား၀င် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိသည့် Mond တံဆိပ် စီးကရက်တောင့် ၇၅၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၇၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Daihatsu Hijet အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၆၇၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။