Skip to main content

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော် (ရေ) မှ စစ်ရေယာဉ်ဖြင့်ပို့ဆောင်

နေပြည်တော် ဇွန် ၂၉

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မ​​တော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ်တစ်စီးသည် ရခိုင်ပြည်နယ်အစိုးရမှ ဆန် ၁၃၅ အိတ်၊ စားဆီဗူး ၂၇၀၀ ဗူး၊ ကော်ဖီမစ် ၁၀ ဖာ၊ နို့မှုန့် ၄ ဖာ၊ ရေသန့် ၅၇၀ ကဒ်၊ ငပိကြော် ၁ ဖာ၊ ခေါက်ဆွဲခြောက် ၁၁၀ ဖာနှင့် ဆေးဝါးပစ္စည်းမျိုးစုံ ၉၄ ဖာ စုစုပေါင်း ကုန်တန်ချိန် ၁၄.၅ တန်အား စစ်တွေမြို့၌တင်ဆောင်၍ မာန်အောင်မြို့သို့ ယနေ့ ညနေပိုင်းတွင် ထွက်ခွာသွားခဲ့ပါသည်။

အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။