Jun 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 03, 2023
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့တို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ နယ်မြေခံ ရဲတပ်ဖွဲ့ခွဲများနှင့် မီးသတ်တပ်ဖွဲ့များသို့ သွားရောက်၍ လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း ပြသကြသည်။
Jun 03, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့ စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 03, 2023
နေပြည်တော် ဇွန် ၃
Jun 03, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့်
Jun 03, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 03, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 03, 2023
တပ်မတော်အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ် ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။
Jun 03, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၄ ခုနှစ်(၂၀၂၃ ခုနှစ်)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၆၇၅၅ ပါး/ဦးအနက် ၁၇၂၉ ပါး/ဦး အောင်မြင်၍ ၂၆ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၅၂၀၁ ပါး/ဦးအနက် ၂၅၂၉ ပါး/ဦး အောင်မြင်၍ ၄၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၃၅၇၃ ပါး/ဦးအနက် ၆၄၃၈ ပါး/ဦး အောင်မြင်၍ ၄၈ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ ၂၀၅၃၁ ပါး/ဦးအနက် ၁၁၂၉၄ ပါး/ဦး အောင်မြင်၍ ၅၅ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။
Jun 03, 2023
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီ၏ (၁၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 03, 2023
၁။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ မဟာနွယ် စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီး၏ ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရာဘိဝံသ မဟာထေရ်မြတ်ကြီး သက်တော်(၉၄)နှစ်၊ သိက္ခာတော် (၇၄) ဝါသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ မေလ ၂၅ ရက်၊ (ကြာသပတေးနေ့)၊ ည ၁၁ နာရီ ၁၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ဗန်းမော်ကျောင်းတိုက်၌ ပူဇော်ထားရှိပါသဖြင့် ရဟန်းရှင်လူပြည်သူ အပေါင်းတို့ လာရောက်ဖူးမြော်ကြည်ညိုနိုင်ပါသည်။
Jun 03, 2023
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ၏အဓိပတိ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသမဟာထေရ်မြတ်ကြီး၏ အန္တိမဈာပနပူဇာသဘင် အခမ်းအနားကို ဇွန် ၆ ရက် ညနေပိုင်းတွင် ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာဗိမာန် ယာယီစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ယာဉ်ဖြင့် ချမ်းမြသာစည် လေဆိပ်ဟောင်းသို့ပင့်ဆောင်၍ လောင်တိုက်တော်၌ တေဇောဓာတ်မီးပူဇော်ပြီး ဇွန် ၇ ရက် နံနက်ပိုင်းတွင် အရိုးဓာတ်ပြာတော်များအား ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်သွားမည့် အခမ်းအနားများကို နိုင်ငံတော်အဆင့်နှင့်လျော်ညီစွာ ကျင်းပသွားမည် ဖြစ်သည်။
Jun 03, 2023
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက်အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ၏ သားသမီးများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ချီးမြှင့် ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
Jun 03, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဦးအောင်ဆွေဦးနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုများ ကို လှည့်လည်ကြည့်ရှုအားပေးသည်။
Jun 03, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့တွင် သက်တော် (၇၉)နှစ်ပြည့် မွေးနေ့အလှူမင်္ဂလာ ကျင်းပသည့် အလိုတော်ပြည့် ဆရာတော်ကြီးအား ဖူးမြော်ပြီး အမျိုးသားစာပေဆုစိစစ်ရွေးချယ် ရေးကော်မတီနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့တို့မှ စာပေပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ ညပိုင်းတွင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင်ပူးပေါင်းတင်ဆက်သည့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
Jun 03, 2023
ကိုရီးယားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E.Mr. Namseok Yoo ၏ ဖိတ်ကြားချက်အရ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Access to Justice: Constitutional Perspectives” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲသို့ မေ၂၉ ရက်မှ ဇွန် ၁ ရက်အထိ ကိုရီးယားသမ္မတ နိုင်ငံ ဆိုးလ်မြို့၌ တက်ရောက်သည်။
Jun 03, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ်(၁၅) ဆွေးနွေး ပွဲကို ယနေ့မွန်းလွဲပိုင်းတွင်အဆိုပါ ဝန်ကြီးဌာန၌ ကျင်းပသည်။
Jun 03, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်တော်သာ(စစ်တွေ) - ရေချမ်းပြင် ရထားလမ်းပိုင်း၊ စစ်တွေမြို့ရှိ တက္ကသိုလ်များနှင့် အမှတ်(၁၀) အခြေခံပညာအထက် တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jun 03, 2023
အကြောင်းတရားတို့ ပေါင်းစုံညီညွတ်သည့်အခါ ကောင်းသောအကျိုးတရားတို့သည် ထွက်ပေါ်စမြဲသာ။ အကြောင်းကောင်း၍ အကျိုးကောင်းဖြစ်ရသည်။ အချို့သော ရလဒ်ကောင်းများဟူသည် ချက်ချင်း လက်ငင်းရရှိလာသည်မဟုတ်၊ တစ်ဆင့်ချင်း တစ်ဆင့်ချင်း တည်ဆောက်ယူရသည်ကို ယနေ့ကာလ အားကစားကဏ္ဍ တိုးတက်မှုအချို့က ပြသနေသည်၊၊
Jun 03, 2023
ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၇၁၇ ဦးနှင့် သေဆုံးသူ ခုနစ်ဦး ရှိခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြားနေသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။ မိမိတို့နိုင်ငံသည် သွေးလွန် တုပ်ကွေး အများဆုံးဖြစ်ပွားသည့် ဒေသတွင်းနိုင်ငံများတွင်ပါဝင်ပြီး ရောဂါကြောင့် နှစ်စဉ်လူသေဆုံးမှုများလည်းရှိနေရာ ဂရုပြုကာကွယ်နှိမ်နင်းရန် လိုအပ်လျက်ရှိသည်။