Skip to main content

Feb 06, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၄ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၄ ဦးတို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၁၈ ဦး၊ အမျိုးသမီး ၈၁ ဦး၊ စုစုပေါင်း ၁၉၉ ဦးတို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ ဒုတိယ အဆင့်ပွဲစဉ်၊ ပြဋ္ဌာန်းသီချင်းသီဆိုမှုကို ဖေဖော်ဝါရီ ၆ ရက် (တနင်္ဂနွေနေ့)ညတွင် မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့်မည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း နှင့်အတူ ယမန်နေ့ ညပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ပြည်သာယာရှိ မြဝတီမီဒီယာ စင်တာ၌ ပြုလုပ်သည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော် ” ဒုတိယအဆင့် စိတ်ကြိုက်သီချင်း သီဆိုမှုပြိုင်ပွဲ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်မှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား ရာမောင်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ် မင်းပြားမြို့ နယ်အတွင်း ရန်ကုန်-စစ်တွေသွားကားလမ်းပေါ်တွင် အသစ်တည်ဆောက်ပြီးသည့် ရာမောင်တံတား ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည်မှာ နှစ်နှစ်ကျော်ကာလ ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် မြန်မာနိုင်ငံရှိ ပြည်သူအများ၏ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာခဲ့သည်။ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးစေသည်သာမက ရောဂါဖြစ်ပွားသည့် ကာလအတွင်း ပြည်သူငါးသိန်းကျော် ရောဂါကူးစက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူပြည်သူ နှစ်သောင်းနီးပါးရှိခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 06, 2022

၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်များအတွင်း ဘာလင်တံတိုင်း ပြိုလဲသွားခြင်း၊ ဆိုဗီယက်ပြည်ထောင်စုကြီး အစိတ်စိတ်အမြွာမြွာ ပြိုကွဲသွားခြင်းနှင့်အတူ အယူဝါဒချင်း ခြားနားကြသည့် အရှေ့နှင့်အနောက် အုပ်စုကြီးနှစ်ခုကြားမှ စစ်အေးတိုက်ပွဲလည်း ပြီးဆုံး သွားသည်။ ထိုအချိန်မှစ၍ ယခင်လက်ဝဲနိုင်ငံများအတွင်း ဆိုရှယ်လစ်၊ ကွန်မြူနစ်ဝါဒများနှင့် ဗဟိုချုပ်ကိုင်သည့်စီးပွားရေးပုံစံ မအောင်မြင်မှုများ၊ တစ်ပါတီအစိုးရများ၏ အာဏာရှင်ဆန်မှုများ ကို အကြောင်းပြုကာ ဒီမိုကရေစီစနစ်ကို အစားထိုးလာကြသည်။ သို့ရာတွင် အာဏာရှင် အစိုးရများကို ဒီမိုကရက်တစ်အစိုးရများနှင့် အစားထိုးလဲလှယ်လိုက်နိုင်သည့်တိုင်အောင် နိုင်ငံအနေဖြင့် တည်ငြိမ်သည့် ဒီမိုကရက်တစ်နိုင်ငံများ အလွယ်တကူ ဖြစ်မလာကြသည်ကိုလည်း တွေ့မြင်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ဖေဖေါ်ဝါရီ (၄) ရက် မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ခန်းမ၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး မကွေးတိုင်းဒေသကြီးအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ အဆင်ပြေစွာလာရောက်လည်ပတ်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စီမံကိန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးအောင်မျိုး နှင့်အတူ ဖေဖေါ်ဝါရီ (၄)ရက် မွန်းလွဲပိုင်းတွင် စစ်တွေ-ပလ္လင်ပြင်လမ်းကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး လမ်းစခန်းတွင် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်း၊ တံတားများ ကောင်းမွန်ရန်လိုပါကြောင်း၊ ကွန်ကရစ်ခင်းရာတွင် သတ်မှတ်အရည်အသွေးပြည့်မီရန် လိုအပ်ကြောင်း မှာကြားပြီး ကွန်က ရစ်ခင်းပြီး လမ်းအပိုင်းကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၆,၆၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံကြီး၌ သန့်ရှင်းရေး စုပေါင်းလုပ်အား ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းပါဝင်သော ကျေးရွာအုပ်စု အချို့သည် ဒေသအခြေအနေအရ သွားလာရန် ခက်ခဲသော်လည်း ထိုဒေသရှိပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နိုင်ငံသားတိုင်း ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် နိုင်ငံသားကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့နယ် ဦးစီးဌာနရုံးတွင် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ရန်ကုန်ငါးဖမ်းလုပ်ငန်းသိပ္ပံကျောင်း ပထမနှစ်ကို ဘာသာရပ် ၁၅ ခုဖြင့် ဖွင့်လှစ်သင်ကြားမည်

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် အလယ်ကုန်း-ဖိုးခေါင်-စံရွေးလမ်းပိုင်း၌ (၁)မိုင်(၅) ဖာလုံ၊ (၁၂)ပေအကျယ် ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ အကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ဗျက်ကလေးကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆိုလာအသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းခွင်သို့ကြည့်ရှု စစ်ဆေးရာတာဝန်ရှိသူများက အဆိုပါဓာတ်အားပေး စနစ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်