Feb 03, 2022
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲ တိုက်ခိုက် ခဲ့သဖြင့် လူမှုကူညီရေးယာဉ်တစ်စီးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
Feb 03, 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းနေ ထက်ကိုဦး(ခ)ဂတုံး(ဘ)ဦးဌေးအောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ ဆူပူဆန္ဒပြမှုဖြစ်စဉ် များတွင် တတ်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက် အုပ်စုများအဖြစ်သတ်မှတ်ကြေငြာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ် ခြင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နဘ်၊ (၈၅)ရပ်ကွက်၊ ဦးအုန်းလွင်လမ်းရှိ အထည်ချုပ်စက်ရုံ အတွင်း၌ FCG-9 သေနတ် ၁ လက်၊ ၉ မမကျည် ၂၃၈ တောင့်၊ ကျည်အိမ် ၃ ခု၊
Feb 03, 2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီးကားလမ်းဘေး၌ အပြစ်မဲ့ပြည်သူများ ထိခိုက်သေကြေစေ ရန်ရည်ရွယ်၍ လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ လက်လုပ်မိုင်း တပ်ဆင်သူ အကြမ်းဖက်သမား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Feb 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ အကျဉ်းထောင်ရှိ ဗဟိုကင်း စစ်ရေးပြအဖွဲ့၊ အကျဉ်းသားအိပ်ဆောင်၊ ရိက္ခာဂိုထောင်နှင့် စားဖိုဆောင်တို့ကို ကြည့်ရှု့စစ်ဆေးသည်။
Feb 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 03, 2022
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့် အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Feb 03, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် “မောင်ရေခဲ/ မရွှေဖဲ နှင့် အာဆီယံခရီးသွား” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
Feb 03, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံ ပညာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Feb 03, 2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဂုဏ်ပြုယာဉ်များနှင့်အတူ ဖျော်ဖြေရေးနှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Feb 03, 2022
ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 03, 2022
ပဲခူးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 03, 2022
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၁) နှင့် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၃၆) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Feb 03, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
Feb 03, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ပုဂ္ဂလိကရုပ်မြင်သံကြားနှင့် FM အသံလွှင့် လုပ်ငန်းရှင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Feb 03, 2022
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည် ဘဏ်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ တောင်သူ လယ်သမားဦးကြီးများနှင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ကျေးဇူး ပြုရင်း ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း (၇၀) နီးပါး ရှိခဲ့ပြီဖြစ်ပါသည်။ ယခင်က စိုက်ပျိုးစရိတ်ချေးငွေ တစ်ခုတည်းကိုသာ ထုတ်ချေးခဲ့ရာမှ ယနေ့အချိန်တွင် စိုက်ပျိုးစရိတ်ချေးငွေသာမက ဖွံ့ဖြိုးရေးချေးငွေ များဖြစ်ကြသည့် စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးနှစ်ဆင့်ချေးငွေ (MEB, Two Step Loan) နှင့် ကိုဗစ်-၁၉ အထူးချေးငွေ စသည့် ချေးငွေများကိုလည်း တိုးတက်ထုတ်ချေးလျက် ရှိပါသည်။
Feb 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများအား တပ်နယ်ခန်းမ၌ သီးခြားစီ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
Feb 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဘောလခဲမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား နယ်မြေခံတပ်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
Feb 03, 2022
အနာဂတ် လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်ကာ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများ အနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်လျက်ရှိ သည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။
Feb 03, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Feb 03, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့ အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင်တိုးဂိတ်အား PDF အမည်ခံအကြမ်းဖက်သမားများက ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။