Skip to main content

Feb 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ၂၀၂၂ (Seed Fair 2022) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ ဆက်လက် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာ ရဲစခန်းအား ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အကြမ်းဖက်လက်နက်ကိုင် အင်အား ၆၀ ဦးခန့်မှ ရဲစခန်း၏ အရှေ့ဘက် အနောက်ဘက်မြောက်ဘက် နေရာများမှ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်သများ အရှေ့ဘက်၊ အနောက်ဘက်၊ မြောက်ဘက်အရပ်များသို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ် သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေများအတွက် ဆက်ကပ်လှူဒါန်းလျက် ရှိသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသ ရေးအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့ လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် စုစုပေါင်း ၃၃၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေး သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

တပ်ကုန်းမြို့နယ်တွင် ငွေကျပ်သိန်း ၂၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ယနေ့တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီး ဌာနတို့သည် (၂၆) ကြိမ်မြောက် မြန်မာ-ထိုင်းလူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည် အပ်နှံရေးနှင့်မိသားစု ပေါင်းစည်းရေးဆိုင်ရာဖြစ်ရပ် စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချူပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်ခု ဂုဏ်မြင့်မှု၌ ထိုနိုင်ငံထိုလူမျိုးတို့၏ မျက်မှောက်ကာလ ဖွံ့ဖြိုးတိုးတက်မှုနှင့် အတိတ်ကာလ ယဉ်ကျေးမှုအမွေအနှစ်များ ဝင့်ကြွား ထည်ဝါမှု ဤနှစ်ချက်သည် အဓိကကျပေသည်။ အချို့နိုင်ငံသည် မျက်မှောက်ကာလ၌ တိုးတက်နေသော်လည်း ယဉ်ကျေးမှု အမွေအနှစ်နောက်ခံမရှိပေ။ အချို့နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များရှိသော်လည်း တန်ဖိုးထားခြင်းမရှိပေ။ ဤနိုင်ငံတို့သည် ဂုဏ်ယူဝင့်ကြွားဖွယ်ရာမရှိပေ။ ယဉ်ကျေးမှုအမွေအနှစ် လည်းရှိ၊ တန်ဖိုးလည်းထားပြီး တိုးတက်နေသော နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝင့်ကြွားတင့်တယ် မြင့်မားသောနိုင်ငံဖြစ်ပေသည်။

ဆက်လက်ဖတ်ရှုရန်

Feb 19, 2022

ကျေးလက်ဒေသများ စီးပွားကောင်းမွန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့က ကျေးလက်ကုန်ထုတ်လုပ်မှုများ တိုးတက်မှုအပေါ်တွင် မူတည်သည်။ စိုက်ပျိုး ထုတ်လုပ်သူ တောင်သူတစ်ဦးအနေဖြင့် ၎င်းစိုက်ပျိုးသည့် သီးနှံ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စသည်တို့ ထွက်နှုန်းမြင့်ရန်နှင့် ဈေးကောင်းရရန်ဟူသော အချက်နှစ်ချက်ကို မျှော်လင့်ကြရခြင်းဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများမှ တောင်သူများတွင် ခေတ်သစ် စိုက်ပျိုးရေးနည်းပညာများ၊ ခေတ်မီစက်ယန္တရားများ အသုံးပြုထုတ်လုပ်နိုင်ကြသည့်အတွက် မြေတစ်ဧကချင်း တူလျှင်ပင် ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းမှာ မြင့်မားကြသည်။ မိရိုးဖလာ သမားရိုးကျ စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် ယန္တရားများကို အသုံးပြုကြသည့် ခေတ်မီစိုက်ပျိုးရေးစနစ်ကြောင့် ထုတ်လုပ်မှုစရိတ် လျော့နည်းသည့်အတွက် ဈေးကွက်တွင်လည်း ဈေးနှုန်းသက်သာပြီး ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားကြသည်။ သမားရိုးကျထုတ်လုပ်ပြီး အရည်အသွေးနိမ့် သည့်အပြင် ဈေးလည်းမြင့်နေမည့် ကုန်စည်မှာ ဈေးကွက်တွင် တိုးနိုင်မည်မဟုတ်သည်မှာ သေချာလှသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2022

(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၈) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှကြီးမှူးကျင်းပ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် လှူဒါန်းပူဇော်သည့် (၃၅) ကြိမ်မြောက် ဓမ္မာစရိယ ပါဠိပထမပြန်နိကာယ် မဟာဘွဲ့နှင်းသဘင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အောင်မြေသာစံ မြို့နယ်၊ မဟာအတုလ ဝေယန်(အတုမရှိ) ကျောင်းတော်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇ မဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အမှူး ပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 18, 2022

မွန်ပြည်နယ်၊ သထုံမြို့ရှိ မြို့မဈေးတွင် ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက ဈေးအတွင်း၌ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဈေးခေါင်းရုံး အပါအဝင် ဈေးဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးရောင်း/ဈေးဝယ်လာသူ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်