Skip to main content

Feb 23, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဆွမ်း ကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

ပဲခူးတိုင်းဒေသကြီး အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝအခြေခံခရီးသွား လုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွား လုပ်ငန်းသစ်များ ဖော်ထုတ်ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” ကို ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဆင့် မရောက်သေးသော်လည်း ပြည်သူလူထု ကျန်းမာရေးအဆင့်မြင့်မားစေရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်နေသည်။ ရောဂါကာကွယ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ ကျန်းမာရေးဆိုင်ရာ သုတေသန ပြုလုပ်ရေးတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိနေပြီး နိုင်ငံနှင့်ပြည်သူကို အကျိုးပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးတို့အတွက် အစိုးရနှင့် တပ်မတော်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် သမိုင်းတွင် တစ်ခါမှမရှိခဲ့ဖူးသည့် လိုက်လျောကမ်းလှမ်းချက် နှစ်ခုကို ဆောင်ရွက်ထားသည်။ လာမည့် ၂၀၂၃ ခုနှစ်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် (၇၅)နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်သည်။ “နယ်ချဲ့တွေရဲ့ သွေးခွဲအုပ်ချုပ်မှုစနစ်ကြောင့် လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စည်းလုံးညီညွတ်မှုကို များစွာထိခိုက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေ၊ ခွန်အားတွေ၊ စွမ်းအားတွေ ဒီပဋိပက္ခအပေါ်မှာ ဆုံးရှုံးခဲ့ပါတယ်။ ဒီလိုဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်” ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်ကိုလည်း သိရှိကြပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2022

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ Jean Phang နော်တောင်နှင့် စောဒန်နီယယ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်တွင် ယနေ့နံနက် (၈:၀၀) နာရီအချိန်ခန့် က လက်လုပ်မိုင်းပြုလုပ်ရန် ဖြတ်တောက်ထားသော PVC ပိုက် (၆)ချောင်း၊ ပိုက်ဖြတ်ကရိယာများ၊ သံဘောစေ့များ၊ အမိုနီယံနိုက်ထရိတ် (၁)ကျပ်သားခန့်၊ နိုင်ငံတော်အကြီးအကဲပုံပေါ်တွင် ဆန့်ကျင်စာ/သရော်စာများ ရေးသားထားသည့် ဓာတ်ပုံစာရွက် များ၊ နိုင်ငံတော်အားအကြည်ညိုပျက်စေမည့် ဓာတ်ပုံစာရွက်များအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

မကောင်းဟူသည် ဆိတ်ကွယ်ရာမရှိ၊ ရာဇဝတ်ဘေး ပြေးမလွတ်ဟူသည့်အတိုင်း အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူလူထုအား သေကြေထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ မည်သို့ပင် လုပ်ဆောင်လျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထုတို့ ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း၍ ပြစ်မှုကျူးလွန် သူမှန်သမျှကို ဖော်ထုတ်ဖမ်းဆီး အရေးယူလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

ပြည်ပမှ စားအုန်းဆီများအား တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

ရတနာပုံတက္ကသိုလ် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ် ပင်မဆောင်ကြီးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝင် ဝန်ကြီးများ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးဝင်းမောင်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကာ ကျောင်းသား ကျောင်းသူလေးများက ရတနာပုံသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 22, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် တနင်္သာရီတိုင်း ရေတပ်စခန်းဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မင်းသူရ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ပင်လယ်ပြင်စိုးမိုးရေး ဆောင်ရွက်နေစဉ် MT ကျော်မင်းသူအမည်ရှိ အလျား (၃၂ ဒသမ ၃)မီတာ၊ အနံ (၇)မီတာ၊ ရေစူး(၂ ဒသမ ၅) မီတာခန့်(သံကိုယ်ထည်) တရားမဝင် လိုင်စင်မဲ့ ဆီသယ်ရေယာဉ် (၁)စီးကို ဖမ်းဆီးရမိခဲ့ပြီး အဆိုပါရေယာဉ်ပေါ်တွင် ပါရှိသော ဒီဇယ်ဆီဂါလံ (၈၀၀၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၆,၀၀၀,၀၀၀)နှင့် အမေရိကန်‌‌ဒေါ်လာ (၂၅၀၂၅၀)ကို သိမ်းဆည်း၍ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်