Mar 02, 2022
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ကြီးကြပ် ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် (၁၆) မိုင်ကျောက်ချော စစ်ဆေးရေးစခန်း၌ အကောက်ခွန်ဦးစီးဌာန ဦးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုး ငွေကျပ် ၈၆၄ဝဝဝဝ) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Mar 02, 2022
ရန်ကုန်မြို့ အမှတ် ၁၅ မိုးကောင်းလမ်းတွင် တည်ရှိသော မြဝတီမီဒီယာစင်တာ တွင် ဖွင့်လှစ်မည့် Star FM Radio Station တွင် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်း ၁၅ ဦးဖြင့် ဖွင့်လှစ်လျက်ရှိသော Internship လုပ်ငန်းခွင် လက်တွေ့ လေ့လာဆောင်ရွက်မှု သင်တန်းမှ သင်တန်းသားများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက မတ် ၁ ရက်တွင် သတင်းမီဒီယာ ဥပဒေ၊ နည်းပညာဥပဒေနှင့်
Mar 02, 2022
သူနာပြုသင်တန်းကျောင်း(မန္တလေး) ၏ သူနာပြု၊ သားဖွား(ဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်အပ်နှင်းခြင်းနှင့် အလုပ်ခန့် အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းကချမ်းမြသာစည်မြို့နယ်ရှိ အဆိုပါကျောင်းတွင် ကျင်းပသည်။
Mar 02, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် နယ်စပ်ဒေသများမှ တိုင်းရင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ခေတ်မီမော်တာ အထည်ချုပ်သင်တန်း အမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်း ဖွင့်ပွဲအမှာစကား ပြောကြားသည်။
Mar 02, 2022
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
Mar 02, 2022
"ပြည်သူ့ကြားက ပြည်သူ့စကား" အစီအစဉ်ထုတ်လွှင့်မည် နေပြည်တော် မတ် ၁
Mar 02, 2022
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accounting- DA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ်-၄ဝ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
Mar 02, 2022
သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ဘေးဒဏ်ခံ အဆောက်အဦ Shelter များကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ဆဲ Shelter များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 02, 2022
ချစ်ခင်လေးစားရပါသော လယ်ယာစီးပွားလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူသူ တောင်သူလယ်သမားကြီးများ ခင်ဗျား- နိုင်ငံတော်တစ်ဝန်းလုံးရှိ လယ်ယာစီးပွားလုပ်ငန်းရှင် တောင်သူလယ်သမားများကို အလေးအနက် ဂုဏ်ပြုသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ ရက်မြတ်အချိန်အခါတွင် လယ်ယာစီးပွား လုပ်ငန်းများနှင့် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးမ င်္ဂလာအဖြာဖြာတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Mar 02, 2022
မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး အများစုသည် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ကြသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံလူဦးရေနှင့် ထွက်ရှိသောစားနပ်ရိက္ခာများမှာ လောက် ဖူလုံပြီး အပိုအလျှံများကို ပြင်ပသို့ တင်ပို့ရောင်းချနိုင်သည်။
Mar 02, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေး အဓိကနိုင်ငံဖြစ်ရာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသော ကျေးလက်နေ တောင်သူလယ်သမားများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့သည်။ စိုက်ပျိုးမွေးမြူထုတ်ကုန်များမှ ပြည်ပဝင်ငွေရရှိရေး၊ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တောင်သူလယ်သမားကြီးများက တာဝန်ယူကာ စိုက်ပျိုးမွေးမြူထုတ်လုပ်ပေးနေ ကြခြင်းကြောင့်သာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး အာဟာရပြည့်ဝစွာ၊ အစားအစာ ဘေးကင်းလုံခြုံစွာ စားသုံးခွင့်ရရှိနေကြခြင်း ဖြစ်သည်။
Mar 01, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆပ်ပြာကျင်းကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားအား သတ်ဖြတ်ကာ ဆရာ၊ ဆရာမများ၏ လစာငွေများအား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။
Mar 01, 2022
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 01, 2022
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
Mar 01, 2022
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ မြို့/ရွာများတွင် လှုပ်ရှားသွားလာမှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်တွင် အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် တောင်ကြီး မြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁၂)၊ အိမ်အမှတ်(၇၂)၌ ကျောက်ဆည် PDF အကြမ်းဖက်အဖွဲ့၏ ဘဏ္ဏာရေးနှင့် ညှိနှိုင်းရေးတာဝန်ခံ တင်မောင်ထွေး(ခ)ရန်အောင်ထွေး(၄၂)နှစ်အား လက်ကိုင်ဖုန်း ၈ လုံး၊ ငွေကျပ် ၉၀ သိန်း၊ ပြောက်ကျားဝတ်စုံ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Mar 01, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ကျွန်းလှမြို့နယ်တို့အတွင်းရှိ အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက် သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိ ပြည်သူအချို့က သတင်းပေးပို့လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါမြို့နယ်များအတွင်း လိုအပ်သည့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိ သည်။
Mar 01, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေငြာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 01, 2022
(၁-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Mar 01, 2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့၏ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပေါ် အဂတိလိုက်စားမှုကျူးလွန်ကြောင်း တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Mar 01, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။