Mar 01, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၆ ရက်တွင် ချင်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တော ဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်း တရားမဝင် ကညင်ခွဲသားဝဒသမ ၉၀၈၈ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၄၅၁) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
Mar 01, 2022
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိ အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Mar 01, 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သတင်းမီဒီယာအခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
Mar 01, 2022
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2022
ကျန်းမာရေးဝန်ကြီးဌာန သစ်လွင်သူနာပြုများ ခန့်အပ်တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 01, 2022
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီ မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၀၉ ဦး၊ အမျိုးသမီး ၈၉ ဦး၊ စုစုပေါင်း ၁၉၈ ဦးတို့အားလည်းကောင်း အသီးသီးလက်ခံခဲ့ကြသည်။
Mar 01, 2022
မြန်မာနိုင်ငံသည် တောင်တန်းမြေပြန့်လျှိုမြောင်ချိုင့်ဝှမ်းများ ပေါများသည့် နိုင်ငံဖြစ်သည်။ မြန်မာပြည်၏ မြောက်ဖျားနှင့် တစ်ဖက်တစ်ချက်တွင် မြင့်မားသော တောင်တန်းကြီးများ ကာဆီးထားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တောင်ပေါ် မြေပြန့်ဒေသအနှံ့တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ နယ်မြေအလိုက်၊ မျိုးနွယ်စုအလိုက် အစဉ်အဆက်နေထိုင်လျက်ရှိသည်။
Mar 01, 2022
တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်သည်။ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးတို့ အတွက် ရည်ရွယ်၍ တပ်မတော်၏ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို နောက်ထပ် ၁၀ လတိတိ တိုးမြှင့်ရပ်စဲပေးလိုက်ခြင်းလည်းဖြစ်ရာ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်မှုများ မရှိပါက ယင်းနယ်မြေဒေသများတွင် သေနတ်သံ၊ ဗုံးသံများနှင့် အနိဋ္ဌာရုံမြင်ကွင်းများ ပကတိကင်းစင် နေလိမ့်မည်ဖြစ်သည်။
Feb 28, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အချို့ကျေးရွာများ၌ PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်းဆူပူအကြမ်း ဖက်မှုများဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်း များအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မ ခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင် နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိပြည်သူအချို့က သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ရှာဖွေဖော် ထုတ်ဖမ်းဆီးစဉ် ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိခိုအောင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက်နှင့် အနောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွဲထွက်ပြေးသွားခဲ့သည်။
Feb 28, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့နှင့် ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပရေး နာယကအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Feb 28, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Feb 28, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူး အယူခံမှုအမှတ် ၃၂ / ၂၀၂၀ ( ရန်ကုန်)၊ ၃၃/၂၀၂၀ (မန္တလေး)၊ ၃၄/၂၀၂၀ (မန္တလေး) နှင့် ၄၀/၂၀၂၀ (မကွေး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
Feb 28, 2022
၁။ လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်ကို ကျူးလွန်သည်ဟူသော စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံမှ OIC အဖွဲ့ကိုယ်စားပြု၍ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် တရားစွဲဆိုခဲ့ပါသည်။
Feb 28, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး တို့သည် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရားနှင့်အလိုတော်ပေါက် ဘုရားတို့ကို ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ တာဝန်ရှိသူများ ထံဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်း ခဲ့သည်။