Skip to main content

Mar 04, 2022

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းအမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကို ၃-၃-၂၀၂၂ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (တီတီစီ) တွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လုပ်ငန်းခွင် ဝင်ရောက်မည့် သူနာပြု၊ သားဖွား (ဒီပလိုမာ) သင်တန်းဆင်း သစ်လွင်သူနာပြု ဆရာ၊ ဆရာမများအား တာဝန်ကျဒေသများသို့ မထွက်ခွာမီ ဗဟုသုတရရန်နှင့် အပန်းဖြေနိုင်ရန် ပြင်ဦးလွင်မြို့သို့လေ့လာရေးခရီး ဆောင်ရွက်ပေးခဲ့ရာ မန္တလေးမှ | မထွက်ခွာမီ အဆိုပါဆရာ ဆရာမများအားတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများက ချမ်းမြသာစည်မြို့နယ်ရှိ သူနာပြု သင်တန်းကျောင်း (မန္တလေး) သို့ ယမန်နေ့နံနက် ပိုင်းက ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

ဒသမအကြိမ်မြောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ နံနက်၈ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

အရင်း၊ အတိုးပေးဆပ်ရန်ပျက်ကွက်သောချေးငွေ (Non-PerformingLoans) ဖြေရှင်း ဆောင်ရွက်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Training Centre ၌ ကိုဗစ် - ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြား ဘဏ်များမှ ကိုယ်စားလှယ်များ၊ ငွေရေးကြေးရေးကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

စပါး၊ ဆန် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပ ဈေးကွက်များသို့ စဉ်ဆက်မပြတ် တိုးမြှင့်တင်ပို့ နိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးနှင့် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းသီးနှံ တိုးမြှင့်ထုတ်လုပ် နိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးများကို ယနေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

​​​​​​​မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်အား ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆို ထားခြင်းနှင့်ပတ်သက်၍ ICJ တရားရုံးတွင် တရားစီရင်ပိုင်ခွင့်မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း ကနဦးကန့်ကွက်လွှာကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တင်သွင်းခဲ့ပြီး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 04, 2022

​​​​​​​“အဂတိလိုက်စားမှု” ဟူသည့် ဝေါဟာရကို ကိုယ်ကျင့်တရားနှင့် ဆက်စပ်၍ နားလည်သဘော ပေါက်ကြသည်။ အဂတိလိုက်စားသူသည် ရိုးသားဖြောင့်မတ်မှုမရှိသူ၊ လောဘကြီးသူ၊ ကိုယ်ချင်း စာစိတ်ကင်းမဲ့သူ၊ ဥပဒေကို လေးစားလိုက်နာခြင်း မရှိသူ အစ ရှိသည်ဖြင့် အကျင့်စာရိတ္တမကောင်းသူ အဖြစ် ရှုမြင်ကြခြင်း ဖြစ်သည်။ သို့ရာတွင် လုပ်ပိုင်ခွင့်အာဏာရရှိထားကြသည့် ဝန်ထမ်းများနှင့် နိုင်ငံရေးသမားများက ၎င်းတို့၏ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားပြုမှုများ နေရာဌာန အသီးသီး၊ အဆင့်လွှာအသီးသီးတို့တွင် ခိုင်ခိုင်မာမာရှိနေပြီဆိုပါက အဂတိလိုက်စားမှုသည် ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားတတ် သည်။ အများမိုးခါးရေ သောက်နေပါက ကိုယ်လည်းမသောက်၍ မရဟူသော ဆင်ခြေကို လက်ကိုင်ထားကာ အဂတိလိုက်စားကြခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် မြို့နယ်အချို့၌ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိသည့်အပြင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော အခြေခံအဆောက်အဦများဖြစ်သည့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အစိုးရရုံးဌာနများ၊ အများပြည်သူနှင့်သက်ဆိုင်သော စီးပွားရေးအဆောက်အဦများ၊ နေအိမ် အဆောက် အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အမှတ်(၉၀)အစုန်ရထားအား PDF အမည်ခံ အကြမ်းဖက် သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

မိုးကုတ်မြို့နယ်တွင် ငွေကျပ် ၂၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ မန္တလေးတောင်တော် စိမ်းလန်းစိုပြည်ရေးနှင့် ဘက်စုံမွမ်းမံပြုပြင်ရေးအတွက် ယနေ့နံနက်ပိုင်းက မဟာလောကမာရဇိန်ကုသိုလ်တော်ဂေါပကရုံးတွင် ဂေါကပဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ မန္တလေးတောင်တော် ဂေါပကဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဂေါပကအဖွဲ့ဝင်များအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၂၅ ဦး၊ အမျိုးသမီး ၇၅ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့ကို လက်ခံခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြို့ပင်ကောက်မြို့ တရားရုံးအဆောက်အအုံသစ် မင်္ဂလာပန္နက်တော်တင် အခမ်းအနားသို့ ရောက်ရှိရာ မြို့နယ်တရားသူကြီးနှင့် တာဝန်ရှိသူတစ်ဦးက တရားရုံးသစ်တည်ဆောက်ရခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၈ နှင့် မိုင်တိုင် အမှတ် ၂၆၀ အကြားတွင် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ မိတ္ထီလာ-နေပြည်တော်-တောင်ငူ မဟာဓာတ်အားလိုင်း ကြိုးဆွဲလုပ်ငန်းဆောင်ရွက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICU)တွင် မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲသို့ တက်ရောက်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာကိုယ်စားလှယ်အဖွဲ့၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းကြီး (YMBA) (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရဟန်းရှင်လူပြည်သူများက ရန်ကုန်လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICU) ၌ ၁၉၄၈ ခုနှစ် လူမျိုးတုံးစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့က ဦးဆောင်၍ တက်ရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ ပြည်သူများမှ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး ပြည်သူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2022

ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်