Mar 16, 2022
တပေါင်းလ၏ သဘာဝအလှကို ရှေးစာဆိုတို့က မြတ်နိုးနှစ်သက် လှစွာဖြင့်ဖွဲ့ဆိုခဲ့ကြသည်။ ပူသောရာသီတွင် အအေးဓာတ် ကလည်း ပျောက်မသွားသေး။ ကောင်းကင်သည် ကြည်လင်၍ သစ်ပင်သစ်တောတို့တွင် ရွက်သစ်နု ပုရစ်ဖူးတို့ဖြင့် အလှဆင်ထား သည်။ မြန်မာတို့က တပေါင်းကို လအားလုံးတွင် အသာယာဆုံး လဟု ရှုမြင်ခံစားကြသည်။
Mar 16, 2022
ပြည်သူများသည် တည်ငြိမ်အေးချမ်းမှုကို လိုလားကြသည်။ တည်ငြိမ်အေးချမ်းမှ တိုင်းပြည် သာယာဝပြောပြီး ပြည်သူများ စိတ်အေးချမ်းသာစွာ နေနိုင်ကြမည် ဖြစ်သည်။ တည်ငြိမ် အေးချမ်းမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြောင့်တန်းစွာပြု လုပ်နိုင်ပြီး ပြည်သူများ၏ လူမှုဘဝများလည်း မြင့်မား တိုးတက် လာမည်ဖြစ်သည်။
Mar 15, 2022
ကလေးအကျဉ်းထောင်၌ ယနေ့ညနေပိုင်းတွင် အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် ဒုတိယ တာဝန်ခံအရာရှိတို့ ၂ ဦး ဦးဆောင်သည့် ဝန်ထမ်းများမှ စည်းကမ်းထိန်းသိမ်းရုံး၌ လုံခြုံရေး ကိစ္စရပ်များပြောဆိုနေစဉ် အမှတ်(၅)အိပ်ဆောင်မှ အချုပ်သား ဗန်ဒိန်း (ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့် အင်အား ၅၀ ဦးခန့်မှ အကျဉ်းထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်သူ၊ ဒုတိယတာဝန်ခံအရာရှိ ဦးစီးအရာရှိ ဦးချိုမင်းလတ်နှင့် ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး တို့ ၃ ဦးအား ဓားစာခံပြုလုပ်၍ အကျဉ်းထောင်အတွင်းမှ ထွက်ပြေး လွတ်မြောက်ရန် ကြံစည်ကြိုးစားမှု ဖြစ်ပွားခဲ့သည်။
Mar 15, 2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှု ဖြစ်ပွား၍ အမျိုးသား ၂ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Mar 15, 2022
အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြား ပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည်ကို တွေ့ရှိလာရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၅-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 15, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Mar 15, 2022
(၁၇)ကြိမ်မြောက် ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များထံမှ ဩဝါဒခံ ယူပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။
Mar 15, 2022
ငါးလုပ်ငန်းဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနေ့ ဂုဏ်ပြုအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 15, 2022
မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့၂၀၂၂ခုနှစ်အတွင်းယူနန်-ချင်းရွှေဟော်နယ်စပ် အဝင်အထွက် စစ်ဆေးရေးဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံ ဘက်သို့ ကြံသယ်ယူ ပို့ဆောင်ရေးယာဉ် ၃၈၃၁ စီး ဝင်ရောက်ခဲ့ပြီး ကြံတန်ချိန် ၃၇၄၀၀ ကို တင်သွင်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။
Mar 15, 2022
ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၅၂ ဒသမ ၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Mar 15, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15, 2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုလီမိတက်က မက်မန်းဝိုင်နှင့် စတော်ဘယ်ရီဝိုင်များကို ထုတ်လုပ်လျက်ရှိရာ နောင်ပိန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းနှင့် အလင်းရောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းများမှ
Mar 15, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိ သည်။
Mar 15, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Mar 15, 2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ (၁၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အကြို (၁၃၃) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
Mar 15, 2022
ဘဝနတ်ထံပျံလွန်တော်မူသွားသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ မြို့မမွေတော်ကျောင်းတိုက် ဦးစီးပဓာနဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစာရိန္ဒ မဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
Mar 15, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု သမိုင်းဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ
Mar 15, 2022
တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်
Mar 15, 2022
ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်အတွက် ကုန်ကျစရိတ်နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်
Mar 15, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန (ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန)နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းပြီး သတင်းမှား၊ သတင်းမှန်ခွဲခြားနိုင်စေရေးဆွေးနွေးပွဲကို မတ် ၁၄ ရက်က နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဗဟိုသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။