Skip to main content

May 29, 2022

အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2022

ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းခြင်းကို ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2022

တပ်မတော် (ကြည်း၊ ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့ နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2022

ငြိမ်းချမ်းရေးသည် နိုင်ငံအတွက် အရေးအကြီးဆုံးကိစ္စဖြစ်ပြီး တိုင်းရင်းသား ပြည်သူအားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ပြုလုပ်နေသည်။

ဆက်လက်ဖတ်ရှုရန်

May 29, 2022

ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်း လောင်စာများမှာ အကန့်အသတ်ရှိသော သယံဇာတများ ဖြစ်သည့်အလျောက် တစ်ချိန်ချိန်တွင် ကုန်ခန်းသွားမည်ဖြစ်သည်။ လူသားကမ္ဘာကြီး နေ့စဉ်ရှင်သန်လှုပ်ရှားမှုတွင် စွမ်းအင်ကို မဖြစ်မနေသုံးစွဲနေရခြင်းဖြစ်ရာ ကုန်ခန်းသွားမည်ဖြစ်သည့် ရုပ်ကြွင်းလောင်စာ စွမ်းအင်များ၏ နေရာတွင် အစားထိုး စွမ်းအင်များကို ရှာဖွေနေကြရသည်။ တစ်ဖက်တွင်လည်း ရုပ်ကြွင်းလောင်စာများသုံးစွဲရာမှ ထွက်ပေါ်လာသည့် မှန်လုံအိမ်ဓာတ်ငွေ့ များကြောင့် ကမ္ဘာ့အပူချိန်တိုးမြင့်လာပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက် ရုပ်ကြွင်း လောင်စာသုံးစွဲမှုများကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ ဥရောပနိုင်ငံအချို့တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဒီဇယ်၊ ဓာတ်ဆီအင်ဂျင်ကားများ ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ လျှပ်စစ်ဘက်ထရီအင်ဂျင်ကားများ ထုတ်လုပ်သုံးစွဲ သွားရန် ဆောင်ရွက်နေပြီဖြစ်သည်။ လျှပ်စစ်ရထားများကိုမူ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ မီးရထားဘူတာရုံ၌ တပ်ဆင်ထားသည့် မှန်များအား ရိုက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

ပြည်တွင်းအထည် ထုတ်လုပ်မှုအတွက် ချည်မျှင်လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်နှင့် ပိုလျှံသည်များကိုပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန်၊ ဝါသီးနှံ စိုက်ဧရိယာကို နှစ်အလိုက် တိုးချဲ့သွားမည်ဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (လွန်ကျော်ခြံ) ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ထန်းတပင်-သီတာ အေးလမ်းတိုးဂိတ်အနီး၌တရား မဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးချပ်အပိုင်းအစများ ၀ ဒသမ ၉၄၂၈တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၂၂၄၈)နှင့် အဆိုပါ သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၂၂၂၄၈) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့်နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ် မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

မြန်မာနိုင်ငံစာကြည့်တိုက်များ‌ဖောင်ဒေးရှင်းသို့ စေတနာရှင်အလှူရှင်များက ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်စာစောင်များလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်-၂၂၈ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 28, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေးအသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်ဦးမောင်မောင်သည် ယနေ့မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးချောင်းအတွင်းရှိ သဲနုန်းများနှင့်အမှိုက်များတူးဖော်ဖယ်ရှားခြင်း၊ ချောင်းဖြောင့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း သမဝါယမလုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ခေတ်မီစံပြကျေးရွာ (SMART Village) များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 28, 2022

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက တိုင်းစစ် ဌာနချုပ်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်