May 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
May 30, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူယနေ့မွန်းလွဲ ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသို့ ရောက်ရှိပြီး လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကို ဖူးမြော်ကြည်ညိသည်။
May 30, 2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ဖွင့်လှစ်မည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ နည်းပြသင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စစ်တွေမြို့မှ In person တက်ရောက်ကြသည့် သင်တန်းသား၊ သင်တန်းသူများ၊ Online ဖြင့် ဆွေးနွေး ပို့ချမည့်နည်းပြများ တက်ရောက်ကြသည်။
May 30, 2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
May 30, 2022
မြန်မာနိုင်ငံတမံကြီးများဆိုင်ရာ အမျိုးသားကော်မတီ (Myanmar National Committee on Large Dams - MNCOLD) ၏ စတုတ္ထအကြိမ် အထွေထွေညီလာခံကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ကန်ဘဲ့ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။
May 30, 2022
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာပြီး ကမ္ဘာ့အပူချိန်မှာလည်း မြင့်တက်လာရာလာမည့်အချိန်ကာလများတွင် ဖြစ်ပေါ်နိုင်သည့် မြန်မာ့ရာသီဥတုအခြေ အနေနှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်ဌာနခွဲ-မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
May 30, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက်တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 30, 2022
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိကကျသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ နိုင်ငံတစ်ဝန်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
May 30, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် မေ ၂၈ ရက်တွင် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ထနောင်းကွင်းကျေးရွာအနီးရှိ ဆဒ္ဒန်ရေလှောင်တမံသို့ရောက်ရှိပြီး ဆည်ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
May 30, 2022
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၉ ဒသမ ၇ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 30, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် မန္တလေး(၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်ခွဲသား ၀ ဒသမ ၅ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၀၀၀၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသော TOYOTA REGIUS ACE အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀ ၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 30, 2022
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ နဝမအကြိမ်မြောက် ဆန်၊ ဆီ စားဖွယ်များလှူဒါန်းပွဲကို မေ ၂၅ ရက်မှ ၃၀ရက်အထိ ကျင်းပသည်။ အလွှာ(၁၀)လွှာမှ လိုအပ်နေသော ရုပ်ရှင်ဗီဒီယို လောကသားများသည် သတ်မှတ်ထားသော နေ့အလိုက် လာရောက်လက်ခံကြသည်။ မေ ၂၅ ရက်တွင် အဓိက သရုပ်ဆောင်၊ ဒါရိုက်တာ၊ ဗီဒီယို၊ အုပ်ချုပ်/ ဖြန့်ချိအလွှာများကိုလည်းကောင်း၊ မေ ၂၆ ရက်တွင် ထုတ်လုပ်သူ၊ ဇာတ်လမ်း/ဇာတ်ညွှန်း၊ တည်းဖြတ်/မှတ်တမ်း၊ ရုပ်ရှင်ပြဇာတ်နှင့် နောက်ခံတေးဂီတအလွှာတို့ကိုလည်း ကောင်း၊ မေ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် စက်မှုအခြေခံအလွှာကိုလည်းကောင်း၊
May 30, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်တစ်စီးဖြင့် နှာခေါင်းစည်း Mask ၇ ဒသမ ၂၀ တန်တင်သွင်းခဲ့ကြောင်း သိရသည်။
May 30, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့်ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 30, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှု တာဝန်ခံများနှင့် ဆရာ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။
May 30, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပဲခူးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးအောင်မင်းနှင့်အတူ ယနေ့တွင် သရေခေတ္တရာရှေးဟောင်းဇုန်အတွင်းရှိ ဘွဲ့လွန်အသုံးချရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ကထိကဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ပျူမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ သရေခေတ္တရာဌာနစုမှ ဝန်ထမ်းများကို သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံသည်။
May 30, 2022
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) မှ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ရှိ မလိတိုက်နယ်ဆေးရုံ၌အခြေပြု၍ မလိကျွန်းနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၉၆၄ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
May 30, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm Doses ၁၀ သန်းနှင့် ဆေးထိုးအပ် ၁၃ သန်းတို့အနက် နောက်ဆုံးအသုတ်သည် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ တွင် Sichun Airline ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး တရုတ်နိုင်ငံသံရုံးမှ လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းပါ မော်တော်ယာဉ်နှစ်စီးသည် မူဆယ်နယ်စပ်ဂိတ်မှ ဖြတ်ကျော်၍ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။