နေပြည်တော်၊ ဒီဇင်ဘာ ၂၀
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဥတ္တရခရိုင်တရားရုံး အဆောက်အဦ ပန္နက် တော်တင် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ မြို့နယ်၊ ချင်းတွင်းလမ်းနှင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးလမ်း ထောင့်ရှိ အဆိုပါ အဆောက်အဦ တည်ဆောက်မည့်နေရာ မင်္ဂလာမဏ္ဍပ်၌ ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြ သည့် ဦးသာဌေး၊ ဦးမြင့်အောင်၊ ဦးအောင်ဇော်သိန်း၊ ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်၊ ဦးမျိုးဝင်းတို့က သတ်မှတ်နေရာအသီးသီးတွင် နေရာယူကာ ပန္နက် တော်တင် တွင်းတော်ဝန်းပြီး အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပန္နက်တော်တင် တွင်းတော်ဝန်း အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ထုံးတမ်းအစဉ်အလာအတိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ အဆောက်အဦ ဆောက်လုပ်မည့် ပရဝုဏ်အတွင်း လှည့်လည်ကြည့်ရှုသည်။
အဆိုပါ အဆောက်အဦကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အကောင် အထည်ဖော် ဆောင်ရွက် နေသည့် ၂၀၁၈-၂၀၂၂ (၅) နှစ်တာ တရားစီရင်ရေး မဟာဗျူ ဟာစီမံကိန်း၊ တတိယနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၀) ၏ မဟာဗျူဟာလုပ်ငန်း နယ်ပယ်(၁)၊ မဟာဗျူဟာ ရည်မှန်းချက် ၁.၄၊ မဟာဗျူဟာ အစီအစဉ် ၁,၄,၁ နှင့်အညီ စီမံကိန်းချမှတ်၍ ဦးစားပေး အဆင့် (၁) အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အဆောက်အဉီမှာ အလျား (၂၀၀) ပေ၊ အနံ (၁၄၀) ပေရှိ သံကူကွန်ကရစ် (၂)ထပ် အဆောက်အဉီဖြစ်ပြီး ဇွဲမာန်ဟုန်ကုမ္ပဏီက တာဝန်ယူ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)