Skip to main content

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်မှုများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၅

မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစားပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ရှေ့မျက်နှာစာအား Light Weight Block အုတ်စီခြင်း၊ အဆောက်အအုံ၏ ပင်မအတက်အဆင်း လှေကားအသစ်ပြုလုပ်ခြင်း၊ အမိုးသွပ်လဲလှယ်ခြင်း၊ မြေညီထပ်နှင့် ပထမထပ်များပြင်ဆင်ခြင်း၊ Basement ကြမ်းခင်းမြှင့်တင်ဆောင်ရွက်ခြင်း၊ Valt အခန်းများနှင့် ပြတိုက်အဝင်မုခ်ဦးတို့ကို မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အဆောက်အဦတည်ဆောက်ရေးတာဝန်ခံအင်ဂျင်နီယာ၊ ဒီဇိုင်းအင်ဂျင်နီယာတို့က ဦးစားပေးအဆင့်လိုက် တည်ဆောက်ပြီးစီးနိုင်မှုအခြေအနေ၊ ပြခန်းအလိုက် နေရာချထားမည့်အခြေအနေများ ရှင်းလင်းတင်ပြမှုများအပေါ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းနှင့်ကိုက်ညီရေး မှာကြားသည်။

သတင်းစဉ်