Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ရုံးချုပ် Operations ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS အား လက်ခံတွေ့ဆုံ

နေပြည်တော် ဩဂုတ် ၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခုခံကျ/ ကာလသားရောဂါ၊ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ၊ ရွှေ့ပြောင်းသွားလာပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများအား ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက်၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organi- zation for Migration-IOM) ရုံးချုပ်၏ Operations ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELSနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဝန်ကြီးဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ မန္တလေးငလျင် အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် IOM မှ ပံ့ပိုးကူညီခဲ့သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ IOM ၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Iori KATO ၊ မြန်မာနိုင်ငံဆိုင်ရာ IOM ရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်