Skip to main content

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ယာယီပိတ်ထားခြင်းမှ ပြန်လည်ဖွင့်လှစ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို ကိုဗစ်၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနား ကျင်းပသည်။

မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါဝင် ဘုရားစေတီ များ၌ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကား

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ကုန်လွန်၍ ၁၃၈၃ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အခါသမယတွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါဝင် ဘုရားစေတီများ၌ ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းမကြီးများပေါ်၌ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ ပုံမှန်နီးပါး စည်ကားများပြား

ယနေ့ မတ် ၂၅ ရက်တွင် ရန်ကုန်မြို့တွင်းရှိ လမ်းမ ကြီးများပေါ်၌ ခရီးသွားပြည်သူများ၊ မော်တော်ယာဉ် များဖြင့် ဟိုယခင်ကအတိုင်း ပုံမှန်နီးပါး စည်ကား များပြားလျက်ရှိသည်ကို ဓာတ်ပုံသမား ကိုလင်း တစ်ယောက် စိတ်ချမ်းမြေ့စွာ မြင်တွေ့မှတ်တမ်း တင်လိုက်ရပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID - 19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော်နှင့် ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများအား COVID-19 ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း အစီအစဉ်ကို ယနေ့နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သိရီမင်္ဂလာ ကမ္ဘာ့အေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဘုရားခန်း၌ ပြုလုပ်သည်။

ရန်ကုန်(ဝါးတန်း/ဒလ) ကားကူးစက်ယာဉ်လမ်း၌ ကုန်စည်များ ပြတ်တောက်မှုမဖြစ်ပေါ်စေရေး ရေယာဉ်နှစ်စင်းဖြင့် ပြေးဆွဲပို့ဆောင်

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ ရန်ကုန် (ဝါးတန်း/ဒလ) ကားကူး ဇက် ယာဉ်လမ်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကားကူးဇက် ရေယာဉ် တစ်စင်းဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ အဆင်ပြေ စေရေးအတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ဇန်နဝါရီ ၅ ရက်မှစတင်၍ ကုန်စည်နှင့် မော်တော်ယာဉ်များ ကူးသန်းသွားလာမှု များပြားလာခြင်းကြောင့် ကုန်စည်များပြတ်တောက်မှုမဖြစ်ပေါ်စေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကားကူးဇက် ရေယာဉ် နှစ်စင်းဖြင့် ပြေးဆွဲပို့ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်တင်ဆက်မည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတု အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ (ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကို ရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်လျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက် ညတွင် ပွဲစဉ် (၉) ကို ဆက်လက်ဖျော်ဖြေ တင်ဆက်မည် ဖြစ်သည်။

ဂျပန်- မြန်မာ ယဉ်ကျေးမှုပွဲတော်မှ ရရှိငွေများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းမည်

ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ် ရန်ကုန်မြို့ ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို လာမည့် ဖေဖော်ဝါရီလဒုတိယပတ်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်း သွားမည်ဖြစ်ကြောင်း ဂျပန်- မြန်မာ ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

အာရှ-ပစိဖိတ်ဒေသဆိုင်ရာကင်းထောက်ကော်မတီနှင့်မြန်မာနိုင်ငံကင်းထောက်အဖွဲ့တို့ သင်တန်းဖွင့်လှစ်နိုင်ရေး အွန်လိုင်းဖြင့် ဆွေးနွေး

အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက်ကော်မတီနှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး ပထမ အကြိမ် မြန်မာကင်းထောက် ဆရာဖြစ်သင်တန်း (Woodbadge) ဖွင့်လှစ်နိုင်ရေး အွန်လိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ဂျပန်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အသုံးပြုရန် ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ လှူဒါန်း

ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်း ကိရိယာများထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မော်ကွန်းတိုက်လမ်းရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲ မှု ဆိုင်ရာဌာန ၌ကျင်းပသည်။

ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သော SMEs လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်

ကိုဗစ်ကာလ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းလာမှုရှိနေခြင်းအပေါ် ခရီးသွားကဏ္ဍတွင် ဆက်စပ် ပါဝင်နေသော SMEs လုပ်ငန်းများအနေဖြင့် မြန်မာ့ခရီးသွားဘဏ်(MTB)တွင် ချေးငွေများချေးယူနိုင်ခွင့်ကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် လက်အောက်ရှိ အသင်း ၁၁ သင်းမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်မှ သိရသည်။
Subscribe to ရန်ကုန်