Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မီးဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ပျဉ်းမနားမြို့ နယ်မြေ(၁၆) ရန်အောင်(၂)ရပ်ကွက်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့ သည့် မီးလောင်မှုဖြစ်စဉ်ကြောင့် တပေါင်းကွင်း ယာယီကယ်ဆယ်ရေးစခန်း၌ ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိသော မီးဘေးသင့်ပြည်သူများအား ယနေ့ သွားရောက်တွေ့ဆုံအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်အိမ်ထောင်စု ၆၀ မှ ပြည်သူ ၃၀၈ ဦးအတွက် ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်များ၊ ဆန်၊ ဆီ၊ စောင်၊ အိပ်ရာခင်းဖျာ၊ ပုဝါ၊ ကုလားပဲ၊ မုန့်နှင့် အချိုရည်စသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပြီး မီးဘေးသင့် ပြည်သူများအား နွေးထွေးစွာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်