Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်များ ဖွင့်လှစ်ရောင်းချနေမှု ကြည့်ရှုအားပေး

နေပြည်တော် မေ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြန်မာ့လက်မှုအနုပညာစင်တာ(ရန်ကုန်)၌ မြန်မာ့ရိုးရာလက်မှုထည်ဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။

ဆွေးနွေးမှာကြား

ကြည့်ရှုစစ်ဆေးစဉ် မြန်မာ့လက်မှုအနုပညာစင်တာ ဖွင့်လှစ်ရောင်းချမှုကို နိုင်ငံခြားသားဧည့်သည်များနှင့် အများပြည်သူကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် စိတ်ဝင်စားမှုများ ပိုမိုမြင့်တက်လာစေရေး မီဒီယာအသုံးပြု စီမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထုတ်ကုန်များဈေးကွက်ရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့၏အကူအညီဖြင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်အသင်းများ၊ ခရီးသွားလုပ်ငန်းများနှင့်ချိတ်ဆက်၍ ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဖြည့်ဆည်းဆောင်ရွက်

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးသို့ ရောက်ရှိကာ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးခရိုင်သုံးခုရှိ ဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သမဝါယမစနစ်အစုအဖွဲ့ပုံစံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုး၊ မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ အောင်မြင်ရေး၊ အစုအဖွဲ့ပုံစံစည်းရုံးပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်