နေပြည်တော် နိုဝင်ဘာ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် မစ္စတာ တာရိခ်ကာရီးမ်အား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံမှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု၊ စိုက်ပျိုးရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း၊ ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများအပါအဝင် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပါကစ္စတန်သံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
