Skip to main content

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၁၈

အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ကျင်းပသည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးနေမှုနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကြက်ဥ၊ အားဖြည့်အချိုရည်၊ မုန့်၊ ရေသန့်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးလာရောက်လှူဒါန်းကြသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်