Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မွန်ပြည်နယ်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ

မော်လမြိုင် နိုဝင်ဘာ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ကြီးဌာနအောက်ဦးစီးဌာနလေးခုမှ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆောင်ရွက်ပေး

တွေ့ဆုံစဉ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ဝန်ကြီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ မျှော်မှန်းချက်များ ချမှတ်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက် ဦးစီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဘဝမြင့်မားရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ဝင်ငွေထွက်ငွေမျှတအောင် သုံးစွဲကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ဝန်ထမ်းသက်သာ ချောင်ချိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးစိတ်ဓာတ်ကို အခြေခံကာ စေတနာထားဆောင်ရွက်ကြရန်၊ ဒေသနှင့်ကိုက်ညီသော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရန်နှင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများကို မေးမြန်းပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ပြည်နယ် (ပြန်/ဆက်)