Skip to main content

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်

၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်၌  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်ဖြစ်ရာ  ယင်းနေ့နံနက် (၁၀) နာရီမှ စတင်ပြီး MRTV-HD ၊ MRTV- News၊ MRTV-Parliament ၊ MRTV-Farmers’ ၊ MWD –HD၊ MWD – Variety ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM  ရေဒီယိုတို့တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။