Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဘရာဇီးလ်နိုင်ငံ၏ (၂၀၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ တက်ရောက်

ရန်ကုန် နိုဝင်ဘာ ၁၁

ဘရာဇီးလ်နိုင်ငံ၏ (၂၀၃) ကြိမ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး နေအိမ်၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည်။

ရင်းရင်းနှီးနှီးကြိုဆို

ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး HE Mr. Gustavo Rocha de Meneses နှင့် တာဝန်ရှိသူများက ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

ညစာဖြင့် တည်ခင်းဧည့်ခံ

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဘရာဇီးလ်နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားကာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ခံပွဲသို့ တက်ရောက်လာသော ဧည့်သည်တော်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ 

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်