Skip to main content

အရိုးရောဂါပညာရပ်ဆိုင်ရာ ညီလာခံ (၂၀၂၅) ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုများဖြင့် မြန်မာနိုင်ငံ အရိုးရောဂါပညာရပ်ဆိုင်ရာ ညီလာခံ (၂၀၂၅) ကို ရန်ကုန်မြို့ Novotel Hotel ၌ အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ကျင်းပရာ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း တက်ရောက်၍ ညီလာခံကျင်းပပြုလုပ်ခြင်းအားဖြင့် ရရှိလာသော တိုးတက်လာသည့် နည်းပညာသစ်များဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများကို စိတ်ကောင်းစေတနာထား၍ ပိုမိုဆောင်ရွက်ပေးကြရန်နှင့် အရိုးရောဂါပညာရပ်များကို စဉ်ဆက်မပြတ်တိုးတက်စေရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပါမောက္ခ (အရိုး) ဒေါက်တာစည်သူ၊ ပါမောက္ခ (အရိုး) (ငြိမ်း) များဖြစ်သော ပါမောက္ခ ဒေါက်တာဦးမိတ်နှင့် ပါမောက္ခ ဒေါက်တာသိန်းမြင့်ထွန်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

ညီလာခံကာလအတွင်း Pre Conference Workshop သုံးခု၊ သုတေသနပိုစတာ ၂၃ ခုအား ပြသခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းအရိုးပညာရှင် ၃၄ ဦးတို့၏ တင်ပြဆွေးနွေးချက်များ၊ ဆေးနှင့် ဆေးပစ္စည်း ပြခန်း ၆၂ ခန်းတို့ဖြင့် ကျင်းပပြီး စုစုပေါင်း ၃၆၀ တက်ရောက်ကာ အရိုးရောဂါပညာရပ်ဆိုင်ရာများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်