Skip to main content

ကူမင်းမြို့၌ ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသ မီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်အခမ်းအနားသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ထွက်ခွာ

ရန်ကုန် စက်တင်ဘာ ၄

စက်တင်ဘာ ၄ ရက်မှ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ကျင်းပမည့် ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့်ဖိုရမ်သို့ တက်​​​ရောက်ကြမည့် ဝန်ကြီးဌာနများမှ ၃၆ ဦးနှင့် ပြင်ပမီဒီယာနှင့်အဖွဲ့အစည်းများမှ ၁၇ ဦး စုစုပေါင်း ၅၃ ဦးတို့သည် ယ​နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ China Eastern ​လေ​ကြောင်းဖြင့် ကူမင်းမြို့သို့ ထွက်ခွာသွားကြသည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့တွင်ပါရှိသည့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ အကအဖွဲ့များက ကမ္ဘာလုံးဆိုင်ရာ တောင်ပိုင်းဒေသမီဒီယာနှင့် Think Tank အဆင့်မြင့် ဖိုရမ်ဖွင့်ပွဲအခမ်းအနား၊ တောင်ပိုင်းဒေသ ညချမ်းနှင့် ချည် Show ပိုးဖဲအနီးအနားတစ်ဖွဲဖွဲ ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားတို့တွင် ဖျော်ဖြေတင်ဆက်ကပြခြင်း၊ ပြည်ထဲ​ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက စကားဝိုင်းတွင် ပါဝင်​ဆွေး​နွေးခြင်း၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ မြန်မာလက်မှုပညာထုတ်ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံ၏ ​တော​တောင်​ရေ​မြေသဘာဝနှင့် ခရီးစဉ်​ဒေသများ၊ အမှတ်တရ လက်​ဆောင်ပစ္စည်းအ​ရောင်းပြခန်းများကို ဈေးရောင်းပွဲတော်တွင် ပါဝင်ခင်းကျင်းပြသခြင်း ​ဆောင်ရွက်သွားမည်ဖြစ်​သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း ဦးစီးဝန်ကြီးဌာနခြောက်ခုမှ ကိုယ်စားလှယ်အဖွဲ့များနှင့် ပုဂ္ဂလိကမီဒီယာ၊ ပြင်ပအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်​ကြသည်။

သတင်းစဉ်