နေပြည်တော် ဩဂုတ် ၁၁
အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးဇော်ဦးသည် ၎င်း၏ ခန့်အပ်လွှာကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်တွင် တီဟီရန်မြို့ရှိ သမ္မတနန်းတော်၌ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ သမ္မတမစ္စတာ မာဆော့ပါဇက်ရှ်ကီရမ်ထံ ပေးအပ်ခဲ့ပြီးဖြစ်သည်။
သတင်းစဉ်