လေးမျက်နှာ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ဂျမ်းကုန်းကျေးရွာအနီး ငဝန်ရေကာတာ တာမိုင် ၂၅/၃ အနီး၌ တာကျိုးပေါက်မှုကြောင့် မြို့နယ်အတွင်း ငဝန်မြစ်ရေဝင်ရောက်လျက်ရှိရာ ယနေ့အထိ လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၇၄) ကျောင်း ယာယီပိတ်ထားကြောင်းသိရသည်။
အဆိုပါ ယာယီပိတ်ထားသောကျောင်းများရှိ စာရွက်စာတမ်းများ ရေလွတ်ရာသို့ ပြောင်းရွှေ့ ထားကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်
