နေပြည်တော် မေ ၁၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၅၆)၌ တည်ဆောက်ထားသည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများ နေရာချထားမှု၊ ထပ်မံဆောက်လုပ်လျက်ရှိသည့် ဘာရှာအဆောက်အအုံများ တည်ဆောက် ပြီးစီးမှုနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ နေရာချထားမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ကော်မရှင်ဥက္ကဋ္ဌသည် မြတ်ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး ဦးစီးသည့်အဖွဲ့က ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် လူသုံးကုန်ပစ္စည်းများနှင့် ငွေကျပ်သိန်းခုနစ်ဆယ် ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်