နေပြည်တော် မေ ၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၅ ရက်နေ့မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မေ ၁၅ ရက်တွင် ဝန်ထမ်းများနှင့် ပြည်သူများအား ဆန်ခြောက်ပြည်ပါ (မနောသုခ- Export Quality) ၆၅ အိတ်၊ ဆန်ငါးပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၃ အိတ်၊ ဆီပိဿာ ၁၇၆၀ ၊ ဆား ၁၁ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သား ပါ အိတ်ထုပ် ၇၀၊ ငါးပိလေးပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သားအထုပ် ၂၀၊ ငါးပုတ်သင် ၁၀ ကျပ်သား ၂၅ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂၄ ထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ် သား အထုပ် ၃၀ ၊ ငါးရောင်ခြောက် ၁၀ ကျပ်သား ၂၂ ထုပ်၊ ကြက်ဥ အလုံး ၈၅၀ ၊ ဘဲဥအလုံး ၁၀၀၊ ခေါက်ဆွဲခြောက် ၁၂ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် မေ ၅ ရက်မှ စ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေး လျက်ရှိသည်။
ထို့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ အိမ်တိုင်ရာရောက်သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ မေ ၁၅ ရက်တွင် ကြက်သား (အကောင်) ၂၅၀၊ ကြက်ဥအလုံး ၇၅၀၀ ၊ ဘဲဥ အလုံး ၄၅၀၀၊ ငုံးဥအလုံး ၂၀၀၀ တို့ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း လှည့်လည်ရောင်းချပေးလျက်ရှိသည်။
အလားတူ မေ ၁၅ ရက်တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ(ရွှေဝါထွန်း) လေးအိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ ၁၀ ဘူး၊ ငါးပိ တစ်ပိဿာ၊ ငါးနီတူခြောက် တစ်ပိဿာ၊ ပုစွန်ခြောက် ၃၀ ကျပ်သား၊ ကြက်ဥအလုံး ၆၀၊ ဘဲဥ အလုံး ၂၀၊ ကြက်သွန်နီ ၅ ပိဿာ နှင့် အသားတု ၂ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၈ အိတ်၊ စားအုန်းဆီပိဿာ ၂၂၀၀၊ ဆား ၁ ဒသမ ၅ ပိဿာ၊ ကုလားပဲ ၂၅ ကျပ်သားပါ လေးထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ သုံးထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သားပါလေးထုပ်၊ အာပဲ့ခြောက် ၁၀ ကျပ်သားပါ လေးထုပ်၊ ကြက်ဥအလုံး ၂၄၅၀၊ ဘဲဥအလုံး ၇၂၀ နှင့် ခေါက်ဆွဲခြောက်ထုပ် ၄၀ တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်