နေပြည်တော် မေ ၁၅
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် မော်စကိုမြို့နှင့် ရုရှားနိုင်ငံလုံးဆိုင်ရာ ရှေးရိုးခရစ်ယာန်ဂိုဏ်းဘုန်းတော်ကြီး ကီးလ်ရီယိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် မြန်မာနိုင်ငံ၌ ငလျင်လှုပ်ခတ်ခဲ့သည့်သတင်းကို ကြားသိရသည့်အတွက် များစွာဝမ်းနည်းမိပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် ပြည်သူများစွာ အသက်ဆုံးရှုံးထိခိုက်ခံစားခဲ့ရပြီး နိုင်ငံ၏အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရခြင်းအတွက် အထူးစာနာထောက်ထားမိပါကြောင်းနှင့် မြေငလျင်ကြောင့် ထိခိုက်ခံစားရသူများအနေဖြင့် ခွန်အားသစ်များ ပြန်လည်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းတို့ ဖော်ပြပါရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်